Friday, June 28, 2019

ဂျေရုဆလင်တွင် အစ္စရေးရဲတပ်ဖွဲ့ဝင်က ပါလက်စတိုင်းတဦးကို ပစ်သတ်


အစ္စရေးနိုင်ငံ ဂျေရုဆလင် အရှေ့ပိုင်းမှာ ဇွန်လ ၂၇ ရက်နေ့က ပါလက်စတိုင်းတယောက်ကို အစ္စရေး ရဲတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 
ပါလက်စတိုင်း အမျိုးသားဟာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို မီးပန်းတွေနဲ့ ပစ်ပေါက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အခြေအနေမို့ ရဲတပ်ဖွဲ့က တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဒေသခံတဦးကတော့ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို အစ္စရေးရဲတပ်ဖွဲ့က လာပြီး ဘာမှမကျူးလွန်တဲ့ လူငယ်တယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။ 

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစ္စရေးရဲတပ်ဖွဲ့က အသေးစိတ် မပြောခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment