Friday, June 28, 2019

ရန်ကုန်-ပြည်ကားလမ်းပေါ် ဆီဘောက်ဆာကားတစ်စီး လမ်းချော်တိုက်မိ ကားအစီး ၁၀၀ေ ကျာ် လမ်းပိတ်


ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် တိုးဂိတ်အနီး ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် ဇွန်လ ၂၈ ရက်နေ့နံနက် (၂) နာရီခန့်က ဆီဘောက်ဆာကားတစ်စီး လမ်းချော်ကာ သစ်ပင်ကို တိုက်မိပြီး လမ်းပေါ်ကန့်လန့်ဖြတ် ပိတ်နေသဖြင့် မွန်းလွဲချိန်ထိ ကားအစီး ၁၀၀ ကျော် ပိတ်မိနေကြောင်း ဇီးကုန်မြို့မရဲစခန်းမှ သိရသည်။ 
“ဆီဘောင်ဆောက်က ပိတ်နေတော့ ကန့်လန့်ခံပြီး ပြည်ဘက်ကလာတဲ့ ကားရော ရန်ကုန်ကလာတဲ့ကားရော ပိတ်နေတယ်။ ကားသမားတွေတော့ ၀ိုင်းပြီးဆွဲကြည့်ပါသေးတယ် အဆင်မပြေတော့ ကြာသွားတယ် နီးတဲ့လူတွေကတော့ ဆိုင်ကယ်ကယ်ရီနဲ့သွားကြတယ်”ဟု ယင်းလမ်းကြောင်းတွင် ပိတ်မိနေသော ခရီးသည်တစ်ဦးက ဆိုသည်။ 

ပိတ်ဆို့နေသည့် ကားများထဲက ကားလေးများအား နံနက်မိုးလင်းတွင် လမ်းလွဲထားကာ လမ်းပိတ်နေသော ဆီဘောက်ဆာကားအား စက်ယန္တရားဖြင့်ဖယ်ရှားရန် ပြင်ဆင်နေပြီး ကားအတွင်းရှိ လောင်စာဆီများကို အခြားကားတစ်စီးသို့ လွဲပြောင်းအပြီး ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဇီးကုန်းမြို့မ ရဲစခန်းမှတာဝန်ရှိသူများက ပြောသည်။

The Voice

0 comments:

Post a Comment