Sunday, June 30, 2019

လူမှောင်ခိုကူးခံရသူ မြန်မာ ၂၀ ထိုင်း ရဲတပ်ဖွဲ့ ကယ်တင်

မလေးရှားနဲ့ နယ်စပ်အနီး ထိုင်းနိုင်ငံ ဆဒေါင်းခရိုင် ဆောင်ခလမြို့မှာ လူမှောင်ခိုကူးသူတွေက ဂိုဒေါင်တခုအတွင်း ပိတ်လှောင်ထားတဲ့ ကလေးငယ်တွေအပါအ၀င် မြန်မာနိုင်ငံသား ၂၀ ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ ပါတယ်။ 
အနီးဝန်းကျင်က ဒေသခံတွေအနေနဲ့ အရင်က ဘာသံမှမကြားခဲ့တဲ့ ဂိုဒေါင်တွင်းကနေ ကလေးငိုသံတွေ၊ အမျိုးသမီးငိုသံတွေ ရက်အတော်ကြာကြားနေရတဲ့အတွက် ရဲကိုအကြောင်းကြားခဲ့ရာက လူမှောင်ခိုကူးခံရသူတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီထဲမှာ နို့စို့အရွယ်တဦးပါအ၀င် ကလေး ငါးဦး၊ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး ခြောက်ဦး ပါဝင်ပါတယ်။ 
သူတို့ကို ပြူတင်းပေါက်မရှိ၊ လျှပ်စစ်မီးမရှိတဲ့ ဂိုဒေါင်ထဲမှာ သော့အထပ်ထပ်ခတ်ပြီး၊ ပိတ်လှောင်ထားတာ ဖြစ်ပါတယ်။ ရိက္ခာနဲ့ ရေမရှိဘဲ ၅ ရက်ကြာ ပိတ်လှောင်ခံထားရတာဖြစ်ပြီး၊ မိုးရွာတဲ့အခါ ယိုစိမ့်လာတဲ့ မိုးရေကိုသာ ခက်ခက်ခဲခဲ အမှီပြုနေရတယ်လို့ ပြောဆိုကြပါတယ်။ 
သူတို့ကို မလေးရှားနိုင်ငံအတွင်း မှောင်ခိုသွင်းဖို့ ခေါ်ဆောင်လာပုံရကြောင်း အဲဒီလူမှောင်ခိုသမားတွေကို မိအောင်ဖမ်းဆီးမှာဖြစ်ကြောင်း ဆောင်ခလ ရဲချုပ်က ပြောပါတယ်။ 

Photo: Google Map
RFA

0 comments:

Post a Comment