Sunday, June 30, 2019

တရားမဝင်ကုန်သွယ်သွယ်မှုကို ထိထိရောက်ရောက်မထိန်းချုပ်နိုင်သေးဟု ဒုတိယသမ္မတ ဦးမြင့်ဆွေပြော


တရားမဝင်ကုန်သွယ်မှုကို အထူးအဖွဲ့များဖြင့် စုံစမ်းစစ်ဆေးဆောင်ရွက်နေသော်လည်း ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦမြင့်ဆွေက ပြောသည်။ 
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၉) ရက် မင်းရဲကျော်စွာလမ်းပေါ်ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိ ယ သမ္မတ(၁)နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် (၂၈) ကြိမ်မြောက်အစည်းအဝေးတွင် ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ 
“တရားမဝင်ကုန်သွယ်မှုတွေကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ SME လုပ်ငန်းရှင်တွေက နစ်နာမှုရှိတယ်။ MSME လုပ်ငန်းရှင် တွေ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူးဆိုပြီး တင်ပြလာတယ်။ တရားမဝင် ကုန်သွယ်မှုတွေကို ထိန်းချုပ်ပေးဖို့အတွက် လုပ်ငန်း ရှင်တွေဘက်က တောင်းဆိုမှုတွေရှိလာတဲ့အတွက်ကြောင့် အထူးစုံစမ်းစစ်ဆေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ စစ်ဆေးတယ်။ ထိထိရောက်မရှိသေးဘူး။ တချို့ပြည်နယ်နဲ့ တိုင်းတွေမှာဆိုရင် တစ်မှုမှ တတ်လာတာမရှိဘူး။ သေချာပြန်စစ် ဆေးခိုင်းရတယ်။ အခုဆိုရင် ဆုကြေးငွေတွေလည်း တိုးမြှင့်ပေးထားတယ်”ဟု နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြော သည်။ 
တရားမဝင် ကုန်သွယ်မှုကို အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့များဖြင့် နယ်စပ်ဒေ (၉) မြို့တွင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၅၃၄ ကြိမ်မြောက်စစ်ဆေးပြီး ၁၀ ဒဿမ ၃၇ ဘီလျံကျပ်ဖိုး ဖမ်းမိကြောင်း သိရသည်။ 
ယခင်က တရားမဝင်ကုန်သွယ်မှုကို လျှော့ချရန်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ(Mobile Team) အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လေဆိပ်၊ နယ်စပ်ဝင်ဂိတ်နှင့် ဆိပ်ကမ်းများ၌ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန်လမ်းကြောင်းကို အဓိကထား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ယင်းအဖွဲ့အစည်းကြောင့် တရားမဝင်ကုန်သွယ်မှုမှာ သိသိသာသာလျော့နည်းသွားခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ယင်းအဖွဲ့အ စည်းအား ဖျက်သိမ်းခဲ့သည့်အတွက် တရားမဝင်ကုန်သွယ်မှုမှာ ပိုဆိုးလာကြောင်း သိရသည်။ 

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment