Sunday, June 30, 2019

ကွန်တိန်နာကားအတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းတန်းဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၂၃ ရပ်ကွက် လွိုကော်-တောင်ငူ လမ်းပေါ်တွင် ယနေ့ (ဇူလှိုင် ၁ ရက်) နံနက် ၄ နာရီခန့်က ခြောက်ဘီးကွန်တိမ်နာ ကားတစ်စင်းပေါ်တွင် တန်ဖိုးငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်းဖိုးရှိသော ဘိန်းဖြူနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှသိရှိရသည်။ 
“လွိုင်ကော်ဘက်ကဆင်းလာတဲ့ ကွန်တိမ်နာခြောက်ဘီးယာဉ်ကို လေးမိုင်စစ်ဆေးရေးဂိတ်နားမှာ မသင်္ကာဖွယ်လိုက်လံဖမ်းဆီးရာက အမှတ် ၃ နယ်မြေစခန်းရှေ့မှာဖမ်းမိခဲ့တာပါ။ ကွင်းဆက်တရားခံကို လိုက်လံစုံစမ်းနေဆဲပါ” ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

လွိုင်ကော်-တောင်ငူ ကားလမ်းအတိုင်းအသက် ၃၂ နှစ်အရွယ်ရှိ သန့်ဇင်ကို မောင်းနင်လာသည့် ခြောက်ဘီးကွန်တိန်နာယာဉ်ကို တောင်ငူမြို့အဝင် လေးမိုင်စစ်ဆေးရေး ဂိတ်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေရာမှ တောင်ငူအမှတ် 
၃ နယ်မြေရဲစခန်းရှေ့၌ ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ပြီး ယာဉ်ပေါ်တွင် ဘိန်းဖြူဟုယူဆရသည့် ဆပ်ပြာခွက် ၁၈၇ဝ ခွက် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၈၇၀၀)၊ ဘိန်းစိမ်းဟုယူဆရသည့် အထုပ် ၃၃ ထုပ် တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၁၄၁၀) တန်ဖိုးငွေကျပ်စုစုပေါင်း (၂၂၇၁၀) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရသိရှိရသည်။ 
မူးယစ်ဆေးဝါးများများ တင်ဆောင်မောင်းနှင်လာသော ယာဉ်မောင်းသန့်ဇင်ကို ကို တောင်ငူမြို့နယ်အမှတ် ၃ နယ်မြေရဲစခန်းက မယ(ပ) ၄ /၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ် ၁၉(က)/၂၀(က)အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှ သိရသည်။

The Voice

0 comments:

Post a Comment