Wednesday, June 26, 2019

ပါတီ၏မူဝါဒများကို ပြီးပြည့်စုံပြီဟု မယူဆ၊ ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟုဆို


ပါတီ၏မူဝါဒများကို ပြီးပြည့်စုံပြီဟု မယူဆ၊ ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။ 
ဒိုက်ဦးမြို့၊ ဒရယ်နီး၊ ရန်ကုန်-မန္တလေးလမ်းရှိ နေအိမ်၌ ပြုလုပ်သည့် ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများတွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် နိုင်ငံရေး မူဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း၊ 
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး နှစ်ခုလုံး ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ပြည်သူ့အခွင့်အရေးနှင့် အကျိုးစီးပွားကို မှန်ကန်မျှတစွာ ရရှိအောင် အလေးထားဖော်ဆောင်ခြင်းမပြုဘဲ နိုင်ငံတော်အကျိုးစီးပွား ဆိုသည်ကိုသာ ဦးစားပေးလွန်းလျှင်လည်း ပြည်သူများအတွက် ကျန်သွားနိုင်သည်။ 
ပါတီ၏ မူဝါဒ ၂၂ ချက်နှင့် လုပ်ငန်းစဉ် ၈၁ ခု ချမှတ်ထားရာ အခြေအနေ၊ အချိန်အခါအရ ဆီလျော်မှုရှိပြီး အကောင်းဆုံးဟူ၍ ယူဆကြောင်း၊ သို့ရာတွင် ပြီးပြည့်စုံပြီဟူ၍ မယူဆကြောင်း၊ ပြည်သူများ၏ဆန္ဒ၊ လိုလားချက်၊ သဘောထားနှင့် အကြုံပြုချက် တို့အရ သုံးသပ်၍ ဖြည့်စွက်ပြင်ဆင်မည် ဖြစ်ပြီး အဓိကခံယူထားသည်မှာ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment