Sunday, June 30, 2019

ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထား ထုတ်ပြောလိုက်သည့် NDAA ခေါင်းဆောင်၏ ဇနီး


ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့၏ နှစ်သုံးဆယ်မြောက် အခမ်းအနားကို မြို့တော် မိုင်းလားတွင် ဇွန် ၃၀ ရက်နေ့မနက်ပိုင်းက စစ်သည်နှင့် အရပ်ဘက် အင်အား တသောင်းဝန်းကျင်ဖြင့် ကျင်းပခဲ့သည်။ 
ထိုပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့၍ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးရန် တိုက်တွန်းသွားခဲ့သည်။ NDAA ခေါင်းဆောင် ဦးစိုင်းလင်းကလည်း ထာဝရ ငြိမ်းချမ်းရေးကို သွားမည်ဟု ကတိပြု ပြောဆိုသွားသည်။ 
ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းရင် တို့သည် နိုင်ငံတော်အတိုင်ပင်ခံနှင့် နေပြည်တော်တွင် တခေါက် ဆုံခဲ့ဖူးသည်။ ထိုသို့တွေ့ဆုံခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုလည်း မိုင်းလားမြို့ပေါ်က နေရာတချို့တွင် တွေ့မြင်ရသည်။ 
ယခုပြုလုပ်ခဲ့သော မိုင်းလား အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပွဲနေ့တွင် ဒေါ်နန်းရင် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပုံတူ ပန်းချီကား တခုလက်ဆောင်ပေးရန် ပြင်ဆင်နေသည်ကိုတွေ့ရသည်။ 
ထို့ကြောင့် သူမ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် မြင်သည့် အမြင်နှင့် သဘောထား၊ ငြိမ်းချမ်းရေး အပေါ် အမျိုးသမီး တယောက်၏ သဘောထားတို့ကို မိုင်းလားမြို့ပေါ်ရောက်ရှိနေသည့် သတင်းမီဒီယာများက မေးမြန်းချက်များကို စုစည်းဖော်ပြလိုက်သည်။ 
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲ။ 
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ အမျိုးသမီး တယောက်အနေနဲ့ သူ့စိတ်ဓာတ်က အ ရမ်းကို ခိုင်မာတယ်။ 
အမျိုးသမီး တယောက်က ဘာပဲလုပ်လုပ် အမျိုးသားတွေထက် ပိုခက်ခဲတယ်။ ဘာဖြစ်လို့ဆို အိမ်မှုကိစ္စတွေပဲ ဖြစ်ဖြစ်၊ သားသမီးကိစ္စတွေပဲ ဖြစ်ဖြစ်၊ အမျိုးသားတွေကို ပြုစုတာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေက ပိုပြီးတော့မှ လုပ်ရတာပေါ့နော်။ ဒါကြောင့်မို့ အလုပ်လုပ်တဲ့ နေရာမှာဖြစ်ဖြစ်၊ ဘယ်ကဏ္ဍမှာ ဖြစ်ဖြစ် အမျိုးသားတွေထက် အခက်အခဲ ပိုရှိတာပေါ့။ 
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ညစာစားခွင့်၊ အနီးကပ် လေ့လာခွင့် ရခဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်၊ လေးစားစရာ အချက်တွေ တွေ့ခဲ့ရတာများရှိလား။ 
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ ဒေါ်စုရဲ့ အကြောင်းတွေကို တရုတ်စာပေတွေနဲ့လည်း ထုတ် ထားတာတွေရှိတော့ စာအုပ်တွေကနေ အများကြီး လေ့လာခဲ့တယ်။ ဒါကြောင့်မို့ စိတ်ထဲကနေ အရမ်းကို လေး စားမိပါတယ်။ အဲ့ဒါတွေကို လေ့လာမိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကောင်းတဦး ဖြစ်တယ်။ အဲ့ဒါကို ကြည့်ပြီးတော့မှ အရမ်းကို လေးစားတယ်။ တရက်ရက်ကျရင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ရမလားပေါ့ အဲ့လို စိတ်ကူးရှိခဲ့တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသ မီးတယောက် အနေနဲ့ အရမ်းကို မလွယ်လှပါဘူး။ 
မေး ။ ။ အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးက ဘယ်လောက် အရေးကြီးလဲ။ 
ဖြေ ။ ။ အမျိုးသမီး တယောက်အနေနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်။ တနိုင်ငံလုံးမှာလဲ ငြိမ်းချမ်းရေး ရစေချင်တယ်။ တိုင်းရင်းသား ဒေသတွေမှာတိုက်ပွဲတွေ မရှိစေချင်ဘူး။ အဲ့ဒါမှ အမျိုးသမီး တယောက် အနေနဲ့လည်း စိတ်ချရမှာပေါ့။ ကိုယ့်ရဲ့အမျိုးသား၊ ကိုယ့်ရဲ့သားသမီးတွေ စစ်ဘေးကြောင့် သေဆုံးရ မှာတို့ကို စိတ်မပူရတော့ဘူးပေါ့။ 
မေး ။ ။ ဆရာမဆိုရင် တဖွဲ့တည်းနဲ့ ပတ်သတ်တာ မဟုတ်ဘူး။ နှစ်ဖွဲ့လုံးနဲ့ ပတ်သတ်တာပေါ့နော်။ NDAA ကတော့ လက်မှတ်ထိုးထားနိုင်တယ်။ တဘက်မှာ ဖခင်ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကိုးကန့်ကတော့ မထိုးနိုင်သေးဘူး။ အဲ့ဒီအပေါ်မှာရော ဘယ်လိုခံ စားရလဲ။ 
ဖြေ ။ ။ (ဦးဖုန်ကြားရှင်၏ သမီး) သမီးအနေနဲ့ ပြောရရင်တော့ ကိုးကန့်ပေါ့နော်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးနောက်ဆိုရင်တော့ ဒီအထူးဒေသ(၄) က ကျမအိမ်ပါ။ နောက်ပြီးတော့ ဒီတိုက်ပွဲရယ်၊ ငြိမ်းချမ်းရေးနဲ့ ဒီအခြေအနေ နှစ်ခုကြားမှာ ဖြတ်သန်းလာရတော့ အခုဆို အထူးဒေသ(၄) က ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားနေရတာပေါ့။ အဲ့ဒါ ကြောင့်မို့ ပိုပြီးတော့ ငြိမ်းချမ်းစေချင်တယ်။ ဆန္ဒကတော့ တနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်။ တိုင်းရင်းသား တွေကို စည်းစည်းလုံးလုံး ရှိစေချင်တယ်။ 
မေး ။ ။ အထူးဒေသ (၄) နှစ် ၃၀ ပြည့် ပွဲအတွက် အန်တီကိုယ်တိုင် ဦးဆောင်ပြီး ချက်ပြုတ်တယ်လို့ သိရ တယ်။ ဘယ်လို စီမံခန့်ခွဲလဲ။ 
ဖြေ ။ ။ ကိုယ်တိုင် ချက်ပြုတ်စီမံခန့်ခွဲခွင့်ရတော့ အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆို နိုင်ငံ တော်က ခေါင်းဆောင်တွေလည်း လာတယ်။ အစိုးရ ကိုယ်စာလှယ်တွေလည်း လာတယ်။ နောက် တရုတ်နိုင်ငံ က ကိုယ်စာလှယ်တွေလည်း လာတယ်။ သတင်းထောက်တွေလည်း အားလုံးလာတယ်ဆိုတော့ အရမ်းကို ပျော် မိတာပေါ့။ ပင်ပန်းခဲ့ရကျိုးလည်း နပ်ပါတယ်။ အဲ့တော့ ဒီမိုင်လားကို ရောက်လာတဲ့ အချိန်မှာပေါ့နော် မိတ်ဆွေ တွေအားလုံးကို ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်ပြီး စားနိုင်စေချင်တယ်။ 

ဧရာဝတီ
နှစ် ၁၀၀ ကျော် သက်တမ်းရှိ မီးရထားရုံးချုပ်ဟောင်းမှာ အောက်ခြေ ဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိတွင် နံရံအခွံကို အောက်ခြေ၌ Pile Foundation ထည့်သွင်း လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများ တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရ 

နှစ် ၁၀၀ ကျော် သက်တမ်းရှိ မီးရထား ရုံးချုပ်ဟောင်းမှာ အောက်ခြေဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိ အခြေအနေတွင် Underfill Technology အသုံးပြု၍ နံရံအခွံအား အောက်ခြေ၌ Pile Foundation ထည့်သွင်းမှု လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများကို တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှု အဆင့်ဆင့် ပြီးစီးပါက မူလ ရှေးဟောင်း အဆောက်အအုံအတိုင်း ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် FMI ၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောကြားသည်။ 

FMI က ဒေါ်လာ သန်း ၇၀၀ ခန့် အသုံးပြု၍ လုပ်ဆောင်နေသည့် Yoma Central စီမံကိန်းတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed-Used ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန်မာ့ မီးရထားရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို ဖြိုဖျက်လိုက်သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းက လုပ်ငန်းဆောင်ရွက်မှု ပုံစံများကို ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။ 
“ကျွန်တော်တို့အနေနဲ့ တကယ့်ကို Creative ဖြစ်တဲ့ Construction Technology သုံးရတယ်။ ဘယ်လိုလုပ်ရလဲ ဆိုတော့ ဒီတိုက် တစ်ခုလုံးရဲ့ Structure Building အောက်မှာ လုံလောက်တဲ့ ဖောင်ဒေးရှင်း ရှိရမယ်။ အဲဒီအတွက် ဘယ်လိုလုပ်ရလဲဆို Underfill လို့ခေါ်တဲ့ နည်းပညာ သုံးရတယ်။ မြန်မာလို လွယ်လွယ်ပြောရရင် ဒီတိုက် တစ်ခုလုံးမှာ ခြေထောက်သစ် ထည့်ပေးရတယ်။ ဒီတိုက် တစ်ခုလုံး ခြေထောက်သစ် ထည့်ပေးတဲ့အချိန်မှာ သူ့ရဲ့ လက်ရှိ Structure တစ်ခုလုံး မပျက်အောင် ထားရတယ်။ ထားတဲ့အချိန်မှာ လက်ရှိ Stage မှာ အခွံတစ်ခုလုံး ချန်ထားပြီးတော့ အောက်မှာ Pile Foundation သွားဆောက်တယ်။ ဆောက်ပြီးတဲ့အချိန်မှာ သူ့ရဲ့ဟာတွေ အကုန်တစ်စချင်း ပြန်တပ်ရမယ်။ အခု ဖြုတ်ထားတာတွေ အကုန်လုံးက ဂိုဒေါင်ထဲမှာ တစ်ခုချင်းစီ မှတ်တမ်းတင်ထားတယ်။ ဥပမာ ဒီထောင့်၊ ဒီနေရာ၊ ဒီအုတ်၊ ဒီသစ်သား၊ ဒီပစ္စည်း အကုန်လုံး ကျွန်တော်တို့ ထည့်ထားတယ်။ ဒီဥစ္စာကို ပြန်ပြီးတော့ ဆောက်ရတာက အရမ်းအနုစိတ်ပါတယ်။ အသေးစိတ်ပါတယ်။ ပညာရှင်တွေက တိုက်ဆောက်တဲ့ ပညာရှင်တင် မကတော့ဘူး။ ရှေးဟောင်း ထိန်းသိမ်းတဲ့ ပညာရှင်ပါ ပါလာတယ်။ ပြီးလို့ရှိရင် ဗိသုကာပိုင်းဆိုင်ရာ ပညာတွေအတွက် Reference ယူရတာတွေပါ ပါလာတယ်။ ဆိုတော့ ဒါကို ဆောင်ရွက်ဖို့အတွက် ဘယ်လောက်အထိ သွားလုပ်ရလဲဆို ကျွန်တော်တို့ မြန်မာပြည်မှာ မှတ်တမ်း မရှိပါဘူး။ အဲဒါကြောင့် UK အထိ သွားရတယ်။ UK မှာ ဒီတိုက်ကို ဆောက်တဲ့ မှတ်တမ်းကအစ လိုက်ရတယ်။ ထူးထူးဆန်းဆန်း ဘာသွားတွေ့လဲဆို ဒီတိုက်က တစ်ခါတည်း ဆောက်ခဲ့တာ မဟုတ်ဘူး။ အပိုင်းလိုက် ဆောက်ခဲ့တာ။ ဒါက အဲဒီအချိန်မှ ကျွန်တော်တို့လည်း သိရတာ” ဟု ဦးထွန်းထွန်းက ပြောကြားသည်။ 
ထိုသို့ လုပ်ဆောင်မှု မရှိပါက မီးရထားရုံးချုပ်ဟောင်းမှာ ငလျင်ဒဏ်နှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရည် မရှိသည့်အပြင် ထိုသို့ တစ်စစီဖြုတ်၍ Pile Foundation ထပ်မံ ထည့်သွင်း၍ မူလ ရှေးဟောင်း အဆောက်အအုံပုံစံအတိုင်း လုပ်ဆောင်ခြင်းမှာ အသစ်ပြန်လည် တည်ဆောက်ခြင်းထက် ကုန်ကျစရိတ် သုံးဆခန့် ပိုမိုကြောင်းလည်း ဦးထွန်းထွန်းက ပြောကြားသည်။ 
ကြမ်းခင်း ဧရိယာ ၂ ဒသမ ၄၄ သန်းခန့်ရှိသည့် Yoma Central စီမံကိန်းတွင် နာမည်ကြီး Peninsula အမှတ်တံဆိပ် လူနေ အိမ်ခန်းများ၊ Grade A အဆင့်ရှိ ရုံးခန်း တာဝါ နှစ်ခုနှင့် စီးပွားရေး လုပ်ငန်းသုံး ဟိုတယ် တစ်လုံး၊ ဝန်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများနှင့် ယင်းတို့ကို Shopping Center တစ်ခုနှင့် ချိတ်ဆက်မည့် စီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း ဦးသိမ်းဝေက ပြောကြားထားသည်။ 
“၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းတွေ အားလုံးပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်း အိမ်ခြံမြေ စီမံကိန်းတွေရဲ့ စံပြ ဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် မြှုပ်နှံသွားမှာ ဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံး စီမံကိန်း ဖြစ်လာပါမယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။ 
အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ကုန်ကျမည် ခန့်မှန်းထားသည့် အဆိုပါ Yoma Central စီမံကိန်းအတွက် FMI မှ ရှယ်ယာ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic မှ ရှယ်ယာ ၄၈ ရာခိုင်နှုန်း ၊ Mitsubishi Corporation , Mitsubishi Estate Co, Ltd (Collectively) မှာ ရာခိုင်နှုန်း ၃၀၊ IFC မှ ငါး ရာခိုင်နှုန်းနှင့် ADB မှ ငါး ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ကြမည် ဖြစ်သည်။ 
မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်း အပိုင်းတွင် Hongkong and Shanghai Hotel က ရာခိုင်နှုန်း ၇၀၊ Yoma Strategic မှ အစုရှယ်ယာ ၂၄ ရာခိုင်နှုန်း နှင့် FMI က ရှယ်ယာ ခြောက် ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။ 
လက်ရှိတွင် မီးရထား ရုံးချုပ်ဟောင်းကို တစ်စစီဖြုတ်၍ နံရံအခွံ၏ အောက်ခြေ၌ Pile Foundation ထည့်ခြင်း လုပ်ငန်းစဉ်မှာ စီမံကိန်း၏ အစပိုင်းသာ ရှိနေသေးပြီး ထိုသို့ လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာဌာန အသီးသီးမှ ခွင့်ပြုချက်များ တောင်းခံခဲ့ရကြောင်းနှင့် အဆိုပါ လုပ်ငန်းစဉ် အားလုံး ပြီးဆုံးပါက မြန်မာ့မီးရထား ရုံးချုပ်ဟောင်း မှာ မူလ ရှေးဟောင်း အဆောက်အအုံ ပုံစံအတိုင်း အသစ်တဖန် ပြန်လည် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဦးထွန်းထွန်းက ပြောကြားသည်။ 
“ထပ်ပြောရရင် ဒီသက်တမ်းရှိတဲ့ တိုက်ကို တစ်စစီဖြိုပြီး အသစ်ဆောက်တာ နဲ့ ဒီလိုမျိုး ပြန်လည် ဆောက်လုပ်တာက အနည်းဆုံး သုံးဆလောက် ပိုကုန်ပါတယ်။ ဒီလိုမျိုး ပြန်လည် တည်ဆောက်ဖို့အတွက် စိန်ခေါ်မှု အများကြီးရှိသလို ခွင့်ပြုချက် အများကြီး ယူခဲ့ရတယ်။ မြေရှင်ဖြစ်တဲ့ ရထား။ ရန်ကုန်မြို့မှာ အဆောက်အအုံဟောင်းတွေ ထိန်းတဲ့ YHT ။ ပြီးရင် YCDC ။ ပြီးလို့ရှိရင် အစိုးရပိုင်း။ ပြီးလို့ရှိရင် တခြား နိုင်ငံတကာကနေ ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းတဲ့ Standard ။ အကုန်လုံး ကြည့်ပြီးမှ လုပ်ခဲ့ရတာ” ဟု ဦးထွန်းထွန်း က ဆက်လက် ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment