Sunday, June 30, 2019

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံး


အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့ အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။ 
၎င်းလေယာဉ်ငယ်သည် ဒါးလက်စ်မြို့ လယ်ခေါင်မှ မြောက်ဘက် ၂၅ကီလိုမီတာအကွာ၌ တည်ရှိသော Addison လေဆိပ်တွင် ပျက်ကျမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းလေယာဉ်ငယ်ပေါ်လိုက်ပါလာသူ ၁ဝ ဦးစလုံး သေဆုံးသွားကြောင်း Addison မြို့  ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Mary Rosenbleeth က ဆိုသည်။

(Xinhua)

0 comments:

Post a Comment