Friday, June 28, 2019

မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းနှင့်မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်သူ ၇ ဦးအား ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့်အရေးယူ


ထိုင်းနိုင်ငံ၊ချွန်ဖွန်ခရိုင် ၊ အမှတ် (၁၃)ကျေးရွာ ၊အမှတ် (၄၁) အာရှလမ်းမကြီးမှတဆင့် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံများသို့ မြန်မာနိုင်ငံသား ၂၁ ဦးကို တရားမဝင်ပို့ဆောင်သူ ၇ ဦးကို ကော့သောင်းမြို့မရဲစခန်းတွင်(ပ)၂၃၀ / ၂၀၁၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ဖြင့် အရေးယူထားကြောင်း သိရသည်။ 
ပြည်ပသို့တရားမဝင်ပို့ဆောင်သူ ၇ ဦးကို ကော့သောင်းလူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံ၊ချွန်ဖွန်ခရိုင် ၊ အမှတ် (၁၃)ကျေးရွာ ၊အမှတ် (၄၁) အာရှလမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်က ထိုင်းနိုင်ငံသားမောင်းနှင်လာသည့် ယာဉ်သည် လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိရာမှ ရခိုင်၊ ဖြူတင်အောင်၊ ဝေလင်းဦးနှင့် ဟန်ဝင်းအောင်တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ရဲဇော်ဦး၊ အထန်းဝါအပါအဝင် ၁၇ဦးမှာ ချွန်ဖွန်ခရိုင် ၊ ဥဒုန်ဆပ်ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ တရားမဝင် ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် တရားမဝင်ပို့ဆောင်သူများဖြစ်သည့် မင်းသိမ်း(ခ)ဖြိုးကို၊မမိုးလွင်၊ ဝေယံ၊ သားလေး(ခ)ဌေးနိုင်၊ ဇင်မင်းလတ်နှင့်ကျော် ၊ ဆန်းဦး၊ စိုးထိုက်စုံစမ်းဖော်ထုတ်ဖမ်းဆီး အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ချွန်ဖွန်ခရိုင် ၊ ဥဒုန်ဆပ်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား ၁၇ဦးကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အုပ်ချုပ်ရေးမှူး Jatupoj Piyumputara ၏ အစီစဉ်ဖြင့်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် ကော့သောင်းခရိုင် တာဝန်ရှိသူများမှ ၄င်းတို့ကိုမြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်လက်ခံခဲ့ပြီး ၄င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

BNA 
Eleven Media Group


0 comments:

Post a Comment