Wednesday, June 26, 2019

မင်းလှတွင် အ​ထောက်​ထားမဲ့ ဘဂါင်္လီ ၇ ဦးနှင့် လိုက်​ပို့သူ ၁ ​ဦး ဖမ်းမိ


မ​ကွေးတိုင်း​၊ မင်းလှမြို့နယ်​မှာ ဇွန်​ ၂၆ ရက်​​နေ့ မနက်​ပိုင်းက အ​ထောက်​ထားမဲ့ ဘဂါင်္လီ ၇ ဦးနဲ့ အခ​ကြေး​ငွေယူပြီး လိုက်​ပါပို့​ဆောင်​သူတ​ဦး ဖမ်းဆီးရမိခဲ့တယ်​လို့ ရဲက ပြောပါတယ်။ 
ရေနံမ နယ်​​မြေရဲစခန်းမှူး ရဲအုပ်​​အောင်​မင်းဦးက အ​ထောက်​ထားမယ့်​ ဘဂါင်္လီလူမျိုး​တွေ ဝင်​​ရောက်​​နေတယ်​လို့ သတင်းရတဲ့အတွက်​ နယ်​​မြေအတွင်း အဖွဲ့ခွဲ့ပြီး ရှာ​ဖွေကြရာမှ ဖမ်းဆီးမိခဲ့တယ်လို့ ပြောပါတယ်။ 

“ဆင်​ရင်​​ကျေးရွာနဲ့ ​ကျောင်းကုန်း​ကျေးရွာကြားက လျှို​မြောင်​အတွင်းမှာ မသင်္ကာဖွယ်​လူစိမ်း​တွေ ​တွေ့ရှိတယ်​လို့ ဆင်​ရင်​​ကျေးရွာရဲ့ ရွာခွဲတာဝန်​ခံက သတင်းပို့လို့ သွား​ရောက်​ပြီး ​တောနင်းရှာ​ဖွေခဲ့ကြတာပါ။ ဆင်​​တောင်​​ချောင်း ပတ်​ဝန်းကျင်​ ​တောတွင်​တနေရာမှာ တရားမဝင်​ ဝင်​​ရောက်​လာတဲ့ ဘဂါင်္လီလူမျိုး ၇ ဦးနဲ့ မင်းတုန်းမြို့နယ်​ ငကုန်း​ကျေးရွာက လမ်းပြလိုက်​ပါ ပို့​ဆောင်​သူတ​ဦး ဖမ်းဆီရမိခဲ့တာပါ” လို့ ဒီဗွီဘီကို​ပြောပါတယ်​။ 

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုး​တွေဟာ အမျိုးသား​တွေဖြစ်​ပြီး ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့နယ်​က​နေ ရန်​ကုန်​မြို့ကို သွား​ရောက်​အလုပ်​လုပ်​မယ်​လို့ သိရပါတယ်​။ 

အထက်​မင်​လှမြို့နယ်​နဲ့ ငဖဲမြို့နယ်​တို့မှာ ​တောလမ်းအတိုင်း အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး​တွေ ဝင်​​ရောက်​​လေ့ရှိပြီး မကြာခဏ ဖမ်းဆီးအ​ရေးယူတာတွေ ပြုလုပ်​​နေတာပါ။ 

အဆိုပါ အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး ၇ ဦးကို မင်းလှမြို့နယ်​ လဝကမှာ မှတ်​ပုံတင်​ အက်​ဥပ​ဒေနဲ့ အ​ရေးယူထားပြီး မင်​တုန်းမြို့နယ်​ ငကုန်း​ကျေးရွာ​နေ စိုးမိုးဦး ခ ဆန်းဦးကို အခ​ကြေး​ငွေယူပြီး လမ်းပြအဖြစ် ​လိုက်​ပါပို့​ဆောင်​တဲ့အတွက်​ ရာဇသတ်​ကြီး ပုဒ်မ ၃၆၇ နဲ့အမှုဖွင့်​ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ 

သတင်း-မင်းထီး
DVB

0 comments:

Post a Comment