Sunday, June 30, 2019

ဟောင်ကောင် ပြန်လည်လွှဲပြောင်းမှု (၂၂) ပြည့်ပွဲ ကျင်းပစဉ် ဟောင်ကောင် ပြည်သူများ ဆန္ဒပြ


တရုတ်လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာသည့် (၂၂) ပြည့် အထိမ်းအမှတ်ပွဲကို ဟောင်ကောင်အစိုးရက ကျင်းပနေစဉ် ပြည်သူအချို့က အစိုးရကို ဆန္ဒပြမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 
အထိမ်းအမှတ်ပွဲကျင်းပနေတဲ့ ဝှမ်(န်)ချိုင်ခရိုင်ရှိ ကွန်ဗန်းရှင်းစင်တာအရှေ့တွင် ဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီး ဟောင်ကောင် ရဲတွေကတော့ တရားမဝင်တဲ့ ဆန္ဒပြပွဲဖြစ်တာကြောင့် အပြင်းအထန် ဖြိုခွဲနေတယ်လို့ သိရပါတယ်။ 
အထိမ်းအမှတ်ပွဲကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလန်းအပြင် အစိုးရအရာရှိတွေပါ တက်ရောက် နေကြတယ်လို့ သိရပါတယ်။ 
ကာရီလန်းက သူမအနေနဲ့ ဟောင်ကောင်ကို ချစ်မြတ်နိုးကြောင်း နောက်ပိုင်းကျရင် သူမအုပ်ချုပ်နေတဲ့ ပုံစံကိုပြောင်းလဲပြီး ဟောင်ကောင်လူငယ်တွေရဲ့ အသံကိုနားထောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 
ဆန္ဒပြသူတွေဟာ အုတ်နီခဲတွေ သံချောင်းတွေနဲ့ အကြမ်းဖက် ပစ်ခတ်လာတာကြောင့် ဟောင်ကောင်ရဲတွေကလည်း အကြမ်းဖက် နှိမ်နင်းခဲ့ရတယ်လို့ ပြောပါတယ်။ 



Ref ; Hong Kong police 'strongly condemn' illegal acts, use pepper spray and batons in clashes with protesters
Isee Media 

0 comments:

Post a Comment