Wednesday, June 26, 2019

ကသာမြို့နယ်အတွင်းမှ ငွေကျပ်သိန်း(၅၆၀)ကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ကသာမြို့နယ်အတွင်းမှ ငွေကျပ်သိန်း(၅၆၀)ကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ၂၆.၆.၂၀၁၉ ရက်နေ့တွင် ကသာမြို့နယ်၊ ပြည်သာယာရွာ၊ လယ်ပြင်စုရပ်နေ ဘရမ်မိုင်(ခ)အားမိုင်း ၏နေအိမ်အား သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးရာ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၃)အိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်ဆေးပြား (၉၅၁၅)ပြား၊ အဖြူရောင်ပလပ်စတစ် အကြည်(၂)ထပ်ဖြင့် ထည့်ထားသည့် အထုတ်(၁၄၀)ထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်ဆေးပြား (၁၇၀၀)ပြား စုစုပေါင်း(၁၁၂၁၅)ပြား ကာလတန်ဘိုး (၅၆၀၇၅၀၀၀)ကျပ်အား ဖမ်းဆီးရမိသဖြင့် ဘရမ်မိုင် (ခ)အားမိုင်အား ကသာမြို့မရဲစခန်း မယ(ပ)၄၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ 

Credit - စစ်ကိုင်းဒေသကြီးရဲတပ်ဖွဲ့ 
The Ladies News

0 comments:

Post a Comment