ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Radika Coomaraswamy ရာဒီကာ ကွမ်းမရာဆွာမိ က ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမယ်လို့ ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားပါတယ်။
ဒါ့အပြင် မိမိအနေနဲ့ ရက်စက်မှုများစွာကို ကြုံတွေ့ခဲ့ရဖူးပါပြီ။ ဒါပေမဲ့ အခုလို ရိုဟင်ဂျာတွေကို မုဒိမ်းကျင့်တာတွေ ထွက်ပြေးအောင်နှိပ်စက် မောင်းထုတ်တာတွေကို ကြားရတဲ့အခါ တကယ်တုန်လှုပ်ရပါတယ်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ညီလာခံတစ်ခုကို တက်ရောက်အပြီးမှာ ကွမ်းမရာဆွာမိက ပြောကြားခဲ့ပါတယ်။
Photo: ISMAEL KAMALDIN / AFP
RFA
0 comments:
Post a Comment