Thursday, June 27, 2019

စပိန်တောမီး ထိန်းချုပ်ဖို့ ခက်ခဲနေ


ဥရောပဒေသတွင်း အပူလှိုင်းဖြတ်သန်းနေချိန် စပိန်နိုင်ငံမှာ တောမီးကြီး လောင်ကျွမ်းနေလျက် ရှိပြီး ယခုလက်ရှိမှာ ယင်းတောမီးကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေလျက် ရှိတယ်လို့ သိရပါတယ်။ 
ယနေ့ ဇွန်လ ၂၇ ရက်အထိ စပိန်မှာ လောင်ကျွမ်းနေလျက်ရှိတဲ့ အဆိုပါ တောမီးကို ထိန်းချုပ်နိုင်သေးခြင်း မရှိဘဲ ဖြစ်နေတာဖြစ်ပါတယ်။ 

ရာနဲ့ချီတဲ့ မီးသတ်သမားတွေ ညလုံးပေါက် ၀ိုင်းဝန်းကြိုးစားငြှိမ်းသတ်နေပေသော်ငြား တောမီးတွေကတော့ မြေဧကများစွာကို ၀ါးမျိုဖျက်ဆီးလိုက်ပြီ ဖြစ်ပါတယ်။ 

ကက်တလိုးနီးယား ဒေသ အရှေ့မြောက်ပိုင်းက တော်ရီ ဒယ်လ် အက်စ်ပန်ညို မှာ ဇွန်လ ၂၆ ရက် နေ့လည်ခင်းကစလို့ ယင်းတောမီး စတင်လောင်ကျွမ်းနေခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိတော့ တောမီးကြောင့် မြေဧက ၁၀,၀၀၀ ( ဟက်တာ ၄,၀၀၀) ကျော်လောက် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

“ ခုချိန်မှာ တောမီးကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ကို မရဘဲဖြစ်နေတာပါ၊ ခုက ငြှိမ်းနေရင်းနဲ့ကို မီးက ပိုကြီးလာနေပါတယ်” လို့ ယင်းဒေသရဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ မီဂွယ်လ် ဘက်ခ်ျက ပြောသွားပါတယ်။

Mizzima - News in Burmese 


0 comments:

Post a Comment