Friday, June 28, 2019

AA အဖွဲ့က ICRC အဖွဲ့၏ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဖက်ယာဉ်တန်းအား မိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်


၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက် ည ၈ နာရီခွဲခန့်တွင် ကျောက်တော်မြို့နယ်၊ ကျောက်ကြပ် ကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်းအီးယူ-၀၈၄၀၃၇ ၌ ရန်ကုန်မြို့ရှိ ICRC ရုံးမှ မောင်တောမြို့၊ ကညင်တန်းမြို့မရပ်ကွက်ရှိ ICRC ရုံးသို့ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင် လာသည့် အရပ်ဖက်ယာဉ် ၆ စီးအား AA အဖွဲ့က မိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာလူ / ပစ္စည်းထိခိုက်ပျက်စီးမှုစိစစ်လျက်ရှိကြောင်းနှင့် AA သောင်းကျန်းသူအဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် လက်နက်ကိုင်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ချီတက်သွားလာခြင်းမဟုတ်သည့် အရပ်ဖက်ယာဉ်များနှင့် ပြည်သူများအားဒုက္ခရောက်စေရန် အဖျက်လုပ်ငန်းများကျူးလွန်လျှက်ရှိသည်ကို ထင်ရှားစွာတွေ့ရှိ နိုင်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 




 ရဲပြန်ကြား
( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment