Monday, June 3, 2019

ထိုင်းမိဖုရား၏ ကိုယ်ရေးရာဇ၀င်ကို တရားဝင်ထုတ်ပြန်


ထိုင်းဘုရင်၏ မိဖုရား ဆုသီဒါ၏ ကိုယ်ရေးရာဇ၀င်ကို ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်လိုက်သည်။ ဇွန်လ(၃)ရက် သူ၏ မွေးနေ့မတိုင်မီတစ်ရက်ဖြစ်သည့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုသို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 
ထိုင်းမိဖုရား ဆုသီဒါ၏ မွေးနေ့အား အမျိုးသားရုံးပိတ်ရက်အဖြစ်သတ်မှတ်ကြောင်းကို မေလ(၁၄)ရက်နေ့ကတည်းက ထိုင်းအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။ 

ထိုင်းမိဖုရား ဆုသီဒါသည် ၁၉၇၈ ခုနှစ် ဇွန်လ(၃)ရက်တွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလ(၁)ရက်နေ့တွင် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းနှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ 

သူသည် ဘန်ကောက်မြို့ရှိ Assumption တက္ကသိုလ်မှ ဆက်သွယ်ရေးပညာဖြင့် ဘွဲ့ကို ၂၀၀၀ပြည့်နှစ်ကရရှိခဲ့ပြီးဖြစ်သည်။ 



Source - New Thai Queen's biography officially released
Popular News Journal 

0 comments:

Post a Comment