Tuesday, June 25, 2019

ဟွာဝေးဖုန်းအား ပို့ဆောင်မပေးခဲ့သည့် အမေရိကန် (FedEx) ကုမ္ပဏီ အဝေဖန်ခံရ


ပြီးခဲ့တဲ့ရက်သတ္တပတ်လောက်တုန်းက ပီစီမဂ္ဂဇင်းရဲ့စာရေးဆရာတစ်ဦးဖြစ်သူ အဒမ်စမစ်ဟာ ယူကေကနေ အမေရိကန်ဆီ ဟွာဝေး (P30) စမတ်ဖုန်းတစ်လုံးကို (FedEx) ဖြင့်ပို့ဆောင်ပေးခဲ့ရာ ရက်ပိုင်းအကြာမှာ သူ့ဆီသို့ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ 
စမစ်ရဲ့ပြောကြားချက်အရ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုခံနေရတဲ့ကုမ္ပဏီရဲ့ ပစ္စည်းတွေကို သယ်ယူပို့ ဆောင်ရေးပြုလုပ်ပေးမှာ မဟုတ်ကြောင်း ကုမ္ပဏီဘက်က ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ 
ယခုကိစ္စဟာ အွန်လိုင်းမှာ ပြန့် နှံ့သွားပြီးနောက်ပိုင်း လူတစ်ချို့က ကုမ္ပဏီိကိုဝေဖန်နေကြသလို့ ကုမ္ပဏီဘက်ကလည်း သူတို့မှားကြောင်း စမစ်တို့ကို လာရောက်တောင်းပန်သွားတယ်လို့ သိရပါတယ်။ 
ယခုကိစ္စမတိုင်ခင် ဂျပန်နဲ့ ဗီယက်နမ်တို့ကနေ အမေရိကန်ရှိဟွာဝေးကုမ္ပဏီကို လိပ်မူပြီးပို့ဆောင်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အဆိုပါလုပ်ရပ်အတိုင်း မေလတုန်းက ကုမ္ပဏီဘက်ကနေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

Ref ; FedEx apologizes for returning Huawei package to sender
Isee Media 

0 comments:

Post a Comment