အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell သည် အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အောက်တိုဘာလ ၂၄ ရက်၊ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ယခုခရီးစဉ်သည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ Stilwell ၏ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ကာ ခရီးစဉ်အတွင်း နေပြည်တော်တွင် အရပ်ဘက်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့တွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ လူမျိုးစုတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများ လူမှုအဝန်းအဝိုင်းခေါင်းဆောင်များ ၊ ပဋိပက္ခဘေးဒဏ်သင့်ခဲ့သူများ ၊ လူသားချင်းစာနာမှု အကူအညီပေးနေသော အမေရိကန်၏ လက်တွဲလုပ်ဆောင်ဘက်များနှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ၏ ယခုခရီးစဉ်သည် အာရှဒေသ ၆ နိုင်ငံခရီးစဉ် တစိတ်တပိုင်းဖြစ်ပြီး ဂျပန်နိုင်ငံမှတဆင့် မြန်မာနိုင်ငံကိုလာမှာဖြစ်သည်။ မြန်မာနိုင်ငံကနေတဆင့် မလေးရှား၊ ထိုင်းနိုင်ငံကိုခရီးဆက်ပြီး ဘန်ကောက်မြို့တွင် ကျင်းပမည့် ၃၅ ကြိမ်မြောက် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်တို့ကို တက်ရောက်မှာဖြစ်ကြောင်း သိရှိရသည်။
<<Zawgyi>>
အမေရိကန်၏အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
Friday , October 25 , 2019
အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell သည် အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အောက်တိုဘာလ ၂၄ ရက်၊ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ယခုခရီးစဉ်သည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ Stilwell ၏ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ကာ ခရီးစဉ်အတွင်း နေပြည်တော်တွင် အရပ်ဘက်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့တွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ လူမျိုးစုတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများ လူမှုအဝန်းအဝိုင်းခေါင်းဆောင်များ ၊ ပဋိပက္ခဘေးဒဏ်သင့်ခဲ့သူများ ၊ လူသားချင်းစာနာမှု အကူအညီပေးနေသော အမေရိကန်၏ လက်တွဲလုပ်ဆောင်ဘက်များနှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ၏ ယခုခရီးစဉ်သည် အာရှဒေသ ၆ နိုင်ငံခရီးစဉ် တစိတ်တပိုင်းဖြစ်ပြီး ဂျပန်နိုင်ငံမှတဆင့် မြန်မာနိုင်ငံကိုလာမှာဖြစ်သည်။ မြန်မာနိုင်ငံကနေတဆင့် မလေးရှား၊ ထိုင်းနိုင်ငံကိုခရီးဆက်ပြီး ဘန်ကောက်မြို့တွင် ကျင်းပမည့် ၃၅ ကြိမ်မြောက် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်တို့ကို တက်ရောက်မှာဖြစ်ကြောင်း သိရှိရသည်။
#BBC #Myanmar_Online_News #အမေရိကန် #လက်ထောက်နိုင်ငံခြားရေးဝန်ကြီး #David_Stilwell
0 comments:
Post a Comment