Friday, October 25, 2019

အမရပူရ တောင်သမန်ကန်ပတ်လမ်းအနီး ဓါးထောက်ကာ ငွေတောင်းခံမှုဖြစ်ပွား

Image may contain: one or more peopleImage may contain: 1 person, outdoor
အောက်တိုဘာလ ၂၃ ရက် ည ၁၀နာရီခွဲ အချိန်ခန့်တွင် ပုထိုးတော်ကြီးဘုရားအနီး တောင်သမန်ပတ်လမ်းတွင် ဓါးထောက်ကာ ငွေတောင်းခံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက် ည ၁၀နာရီခွဲ အချိန်ခန့်တွင် တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်သဖြင့် အခင်းဖြစ်နေရာ ပုထိုးတော်ကြီးဘုရားအနီး တောင်သမန်ပတ်လမ်းကို အမရပူရရဲစခန်းမှရဲတပ်ဖွဲ့ဝင်များရောက်ရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်သည့်အချိန်တွင် ဓါးဒဏ်ရာရထားသူကိုတွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍန် အရေတွက်ကိုသိရှိရကာ ရတနာပုံတက္ကသိုလ်ဘက်သို့ ဆိုင်ကယ် တရကြမ်း မောင်းထွက်သွားတယ်ဟု သိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ထွက်ပြေးသွားသော တရားခံများနောက်သို့ အချိန်နှင့်တပြးညီလိုက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့ ဝင်များ ရတနာပုံတက္ကသိုလ်လမ်းအတိုင်းလိုက်ခဲ့ကြရာ ၁၄ ပေ တံတား အကျော်သို့ရောက်စဉ် စက်မှုဘက်မှနေ
၍ မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီး မောင်းနှင်လာတာကိုမြင်လိုက်သဖြင့် နောက်ပြန်လှည့်ပြီး အဆိုပါဆိုင်ကယ်နောက်သို့လိုက်ခဲ့ပြီး အမြန်လမ်းမကြီးပေါ်အမြန်လမ်းပေါ်အရောက်တွင် တရားခံများအား လက်ထဲမှာ ဓါးကိုင်ထားတာကို တွေ့ရှိရသည်။

အဆိုပါတရားခံများအား အမရပူရရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှ မိမိအသက်ကိုမငဲ့ကွက်ပဲ လုံးထွေးဖမ်းဆီးခဲ့ သဖြင့် တရားခံ၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
Image may contain: one or more people
<<Zawgyi>>
အမရပူရ တောင်သမန်ကန်ပတ်လမ်းအနီး ဓါးထောက်ကာ ငွေတောင်းခံမှုဖြစ်ပွား
Friday , October 25 , 2019

အောက်တိုဘာလ ၂၃ ရက် ည ၁၀နာရီခွဲ အချိန်ခန့်တွင် ပုထိုးတော်ကြီးဘုရားအနီး တောင်သမန်ပတ်လမ်းတွင် ဓါးထောက်ကာ ငွေတောင်းခံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက် ည ၁၀နာရီခွဲ အချိန်ခန့်တွင် တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်သဖြင့် အခင်းဖြစ်နေရာ ပုထိုးတော်ကြီးဘုရားအနီး တောင်သမန်ပတ်လမ်းကို အမရပူရရဲစခန်းမှရဲတပ်ဖွဲ့ဝင်များရောက်ရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်သည့်အချိန်တွင် ဓါးဒဏ်ရာရထားသူကိုတွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍန် အရေတွက်ကိုသိရှိရကာ ရတနာပုံတက္ကသိုလ်ဘက်သို့ ဆိုင်ကယ် တရကြမ်း မောင်းထွက်သွားတယ်ဟု သိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ထွက်ပြေးသွားသော တရားခံများနောက်သို့ အချိန်နှင့်တပြးညီလိုက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့ ဝင်များ ရတနာပုံတက္ကသိုလ်လမ်းအတိုင်းလိုက်ခဲ့ကြရာ ၁၄ ပေ တံတား အကျော်သို့ရောက်စဉ် စက်မှုဘက်မှနေ
၍ မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီး မောင်းနှင်လာတာကိုမြင်လိုက်သဖြင့် နောက်ပြန်လှည့်ပြီး အဆိုပါဆိုင်ကယ်နောက်သို့လိုက်ခဲ့ပြီး အမြန်လမ်းမကြီးပေါ်အမြန်လမ်းပေါ်အရောက်တွင် တရားခံများအား လက်ထဲမှာ ဓါးကိုင်ထားတာကို တွေ့ရှိရသည်။

အဆိုပါတရားခံများအား အမရပူရရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှ မိမိအသက်ကိုမငဲ့ကွက်ပဲ လုံးထွေးဖမ်းဆီးခဲ့ သဖြင့် တရားခံ၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment