Friday, October 25, 2019

ချောက်မြို့တွင် ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်

အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ချောက်မြို့နယ် ပြည့်ပင်ကျေးရွာတွင် ရေနွေးအိုးတည်ထားရာမှ မီးကူးဆက်ပြီး မီးလောင်မှုဖြစ်ပွားသည်ဟု ချောက်မြို့ မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပြည့်ပင်ကျေးရွာနေ တောင်သူ ဦးလှတိုး ၃၉ နှစ်၏ နေအိမ် နှစ်ထပ် ထရံကာ သွပ်မိုး ဝါးကြမ်းခင်း အိမ်တွင် ရေ‌‌နွေအိုးတည်ထားရာမှ အနီးရှိ ထရံကို မီးကူးစက်၍ ၎င်း၏ နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ရာ မီးပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင် ဦးလှတိုးကို ချောက်မြို့မရဲစခန်း (ပ) ၇၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
Image may contain: 1 person, plant and outdoor
Image may contain: tree, sky, plant, outdoor and nature
Image may contain: 1 person, outdoor
Image may contain: one or more people and outdoor
<<Zawgyi>>
ချောက်မြို့တွင် ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်
Friday , October 25 , 2019

အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ချောက်မြို့နယ် ပြည့်ပင်ကျေးရွာတွင် ရေနွေးအိုးတည်ထားရာမှ မီးကူးဆက်ပြီး မီးလောင်မှုဖြစ်ပွားသည်ဟု ချောက်မြို့ မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ပြည့်ပင်ကျေးရွာနေ တောင်သူ ဦးလှတိုး ၃၉ နှစ်၏ နေအိမ် နှစ်ထပ် ထရံကာ သွပ်မိုး ဝါးကြမ်းခင်း အိမ်တွင် ရေ‌‌နွေအိုးတည်ထားရာမှ အနီးရှိ ထရံကို မီးကူးစက်၍ ၎င်း၏ နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ရာ မီးပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင် ဦးလှတိုးကို ချောက်မြို့မရဲစခန်း (ပ) ၇၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment