ယနေ့ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် (0930) နာရီချိန်တွင် နေပြည်တော် -ရန်ကုန်လမ်းမိုင်တိုင်၁၄၉/၆-၁၄၉/၇ အကြားတွင် ယာဉ်မောင်းကိုအောင်သန်းထွေး(၃၂)နှစ် ကြည်မြင်တိုင်မြိုနယ်နေသူမောင်းနှင်လာသည့် ယာဥ်အမှတ် 2G /---- Ipsum အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် ကား၏ယာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင် ဖြစ်ကာ သုံးပတ်ခန့် လည်၍တိမ်းမှောက်ခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဘက်ရောက်ရှိရပ်တန်ခဲ့ရာ ယာဉ်ပေါ်ရှိယာဉ်မောင်းအပါအဝင် ကျား(၄)ဦးမ(၁)ဦး ပေါင်း(၅)ဦးတွင် ကျား(၁) ဦး သေဆုံးခဲ့ကာ ကျား (၃)ဦး မ(၁) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာ စခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ မှာ ထိုင်ဝမ်နိုင်ငံသား ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
<<Zawgyi>>
နေပြည်တော် -ရန်ကုန်လမ်းမိုင်တိုင်၁၄၉/၆-၁၄၉/၇ အကြားတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ထိုင်ဝမ်နိုင်ငံသား(၁)ဦးသေဆုံး
Friday , October 25 , 2019
ယနေ့ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် (0930) နာရီချိန်တွင် နေပြည်တော် -ရန်ကုန်လမ်းမိုင်တိုင်၁၄၉/၆-၁၄၉/၇ အကြားတွင် ယာဉ်မောင်းကိုအောင်သန်းထွေး(၃၂)နှစ် ကြည်မြင်တိုင်မြိုနယ်နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 2G /---- Ipsum အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် ကား၏ယာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင် ဖြစ်ကာ သုံးပတ်ခန့် လည်၍တိမ်းမှောက်ခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဘက်ရောက်ရှိရပ်တန်ခဲ့ရာ ယာဉ်ပေါ်ရှိယာဉ်မောင်းအပါအဝင် ကျား(၄)ဦးမ(၁)ဦး ပေါင်း(၅)ဦးတွင် ကျား(၁) ဦး သေဆုံးခဲ့ကာ ကျား (၃)ဦး မ(၁) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာ စခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ မှာ ထိုင်ဝမ်နိုင်ငံသား ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
#Myanmar_Online_News #အမြန်လမ်းမကြီးရဲတပ်ဖွဲ့ #ဇီးပင်သာစခန်း
0 comments:
Post a Comment