အစုအဖွဲ့များအကြားတွင် ရှိနေသော မယုံကြည်မှုများ ၊ စိုးရိမ်ကြောင့်ကြမှုများ ၊ အစွန်းရောက်မှုများ အသာစီးရလိုမှုများကို မချေဖျက်နိုင်ခဲ့သည့်အတွက် ၂၁ ရာစု ပင်လုံ အစည်းအဝေးကို သတ်မှတ်ထားသည့် အချိန်ကာလ အတိုင်း မကျင်းပနိုင်ခြင်းသည် အားလုံးတွင် တာဝန်ရှိကြောင်း NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း က ဝေဖန်ထောက်ပြပြောကြားလိုက်သည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ NRPC ရုံးတွင် ကျင်းပပြုလုပ်သည့် ၈ ကြိမ်မြောက် JICM (NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA –S EAOs အကြို ညိနှိုင်း အစည်းအဝေး၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် NCA တွင် ပြဌာန်းထားသည့် အတိုင်း မသွေတတိမ်းလိုက်နာ ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးလမ်းသည် ချောမွေ့ဖြောင့်ဖြူးနေမည်ဖြစ်ကြောင်း ၊သို့သော် NCA ပြဌာန်းချက်များကို မျက်ကွယ်ပြု လောဘ၊ဒေါသ ၊အတ္တ၊မာန တွေကို ရှေ့တန်းတင်အင်အားကြိးမှိုက်ု အားပြုကာ ထင်ရာစိုင်း ကာ မိမိစိတိုင်းကျ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ငြိမ်းချမ်းရေးလမ်း ခရီးပန်းတိုင်သည် ဝေးသထက်ဝေးနေမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။
လက်ရှိတွင်၂၁ ရာစု ပင်လုံ အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရမည်ဆိုသည့် အတိုင်း ကျင်းပမည် ဆိုပါက လေးနှစ်တာ ကာလ အတွင်း အစည်းအဝေးသည် ၈ ကြိမ် ကျင်းပပြီးစီးနိုင်မည်ဖြစ်သော်လည်း လက်ရှိမှာ အစည်းအဝေးသည် ၃ ကြိမ်သာ ကျင်းပနိုင်ခဲ့သေးကြောင်း သိရသည်။
တတိယအကြိမ် ပင်လုံ ညီလာခံ အစည်းအဝေး ပြီးသည့် နောက်ပိုင်း ယနေ့ အချိန် အထိ အစိုးရကိုယ်စားလှယ်များသည် KNU နှင့် တွေ့ဆုံဆွေးနွေးမှု ၇ ကြိမ် ၊RCSS နှင့် တွေ့ဆုံ ဆွေးနွေးမှု ၆ ကြိမ် ၊ CNF နှင့် တွေ့ဆုံမှု ၁ ကြိမ်၊ KNP နှင့် တွေ့ဆုံဆွေးနွေးမှု ၁ ကြိမ် ၊ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ အဖွဲ့က ကိုယ်စားလှယ် အဖွဲ့များဖြင့် ၁၁ ကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
<<Zawgyi>>
၂၁ ရာစုပင်လုံ အစည်းအဝေးကို သတ်မှတ်ထားသည့်အချိန်ကာလ အတိုင်း မကျင်းပနိုင်ခြင်းသည် အားလုံးတွင် တာဝန်ရှိကြောင်း RCSS အဖွဲ့မှ ဝေဖန်ထောက်ပြ
Friday , October 25 , 2019

#Myanmar_Online_News #၂၁ရာစုပင္လုံ #RCSS
0 comments:
Post a Comment