ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၏ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာသို့ အရောက် လျှိုစောင်းအတွင်း ငှက်ပျောရွက်ခြောက်များ ဖြင့် ဖုံးအုပ်ထားသောနေရာအား မသင်္ကာ၍ ရှင်းလင်းခဲ့ရာ မြေကြီးအတွင်း၌ မြှုပ်ထားသည့် ဆာလာအိတ်များ အတွင်းမှ ပလတ်စတစ်များဖြင့် ထုပ်ထားသော အမ်-၁၆ သေနတ်တစ်လက်၊ အေကေ-၄၇ သေနတ် လေးလက်၊ HK အမျိုးအစား သေနတ်တစ်လက်၊ ၁၂ ဗို့ တစ်လုံးထိုး သေနတ်တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၆၆ တောင့်၊ ပွိုင့်-၃၂ ကျည် ၃၂ တောင့်၊ အမ်-၁၆ ကျည်အိမ် လေးခု၊ အေကေ-၄၇ ကျည်အိမ်ငါးခု၊ HK ကျည်အိမ်နှစ်ခုနှင့် ပလတ်စတစ်အိတ် အသေးများဖြင့် ထုပ်ပိုးထားသည့် ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ထုပ်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါပိုင်ရှင်မဲ့ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News #တာချီလိတ်မြို့နယ် #မူးယစ်ဆေးဝါး #လက်နက်ခဲယမ်း
<<Zawgyi>>
တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ၊ လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Friday , October 25 , 2019
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၏ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာသို့ အရောက် လျှိုစောင်းအတွင်း ငှက်ပျောရွက်ခြောက်များ ဖြင့် ဖုံးအုပ်ထားသောနေရာအား မသင်္ကာ၍ ရှင်းလင်းခဲ့ရာ မြေကြီးအတွင်း၌ မြှုပ်ထားသည့် ဆာလာအိတ်များ အတွင်းမှ ပလတ်စတစ်များဖြင့် ထုပ်ထားသော အမ်-၁၆ သေနတ်တစ်လက်၊ အေကေ-၄၇ သေနတ် လေးလက်၊ HK အမျိုးအစား သေနတ်တစ်လက်၊ ၁၂ ဗို့ တစ်လုံးထိုး သေနတ်တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၆၆ တောင့်၊ ပွိုင့်-၃၂ ကျည် ၃၂ တောင့်၊ အမ်-၁၆ ကျည်အိမ် လေးခု၊ အေကေ-၄၇ ကျည်အိမ်ငါးခု၊ HK ကျည်အိမ်နှစ်ခုနှင့် ပလတ်စတစ်အိတ် အသေးများဖြင့် ထုပ်ပိုးထားသည့် ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ထုပ်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါပိုင်ရှင်မဲ့ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News #တာချီလိတ်မြို့နယ် #မူးယစ်ဆေးဝါး #လက်နက်ခဲယမ်း
0 comments:
Post a Comment