တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းကျေးရွာတွင် တောဆင်ရိုင်း တစ်ကောင်ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၇ လုံးနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါတောဆင်ရိုင်းသည် အောက်တိုဘာ ၂၁ ရက်နေ့ကစတင်ကာ ကျေးရွာအတွင်းဝင်ရောက် ဖျက်ဆီးနေတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြိုင်ဟေဝန်ဆင်စခန်းမှ ကွန်ဂျီဆင် ၅ ကောင်ဖြင့် မောင်းပေးနေကြောင်း မြိုင်ဟေဝန်ဆင်စခန်း ဆင်ဦးစီး စောအယ်ဆေးကပြောပါတယ်။
ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းက စက်တင်ဘာလအတွင်းကလည်း ဆင်စခန်းကျေးရွာအတွင်း ၄ ရက်ဆက်တိုက်ဝင်ရောက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးလောက် ပျက်စီးခဲ့ပြီး အခု လူသန့်အင်းကျေးရွာကို သုံးရက်ဆက်တိုက်ဝင်ရောက်တာလို့ ဒေသခံရွာသားတွေက ပြောကြားချက်အရ သိရသည်။
အဆိုပါတောဆင်ရိုင်းဟာ လူတွေနဲ့အမြဲထိတွေ့မှုရှိနေပြီး မယဉ်မရိုင်းအနေအထားကြောင့် အရင်က မောင်းရတာလွယ်ပေမဲ့ ခုချိန်မှာတော့ ခက်ခဲလာပြီး ပြန်ရန်မူတတ်တယ်လို့ ဆင်ဦးစီး ကိုကျော်မျိုးခိုင်က ပြောပါတယ်။
<<Zawgyi>>
တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် အိမ် ၇ လုံးနှင့်စိုက်ခင်းများပျက်စီး
Friday , October 25 , 2019
တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းကျေးရွာတွင် တောဆင်ရိုင်း တစ်ကောင်ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၇ လုံးနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါတောဆင်ရိုင်းသည် အောက်တိုဘာ ၂၁ ရက်နေ့ကစတင်ကာ ကျေးရွာအတွင်းဝင်ရောက် ဖျက်ဆီးနေတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြိုင်ဟေဝန်ဆင်စခန်းမှ ကွန်ဂျီဆင် ၅ ကောင်ဖြင့် မောင်းပေးနေကြောင်း မြိုင်ဟေဝန်ဆင်စခန်း ဆင်ဦးစီး စောအယ်ဆေးကပြောပါတယ်။
ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းက စက်တင်ဘာလအတွင်းကလည်း ဆင်စခန်းကျေးရွာအတွင်း ၄ ရက်ဆက်တိုက်ဝင်ရောက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးလောက် ပျက်စီးခဲ့ပြီး အခု လူသန့်အင်းကျေးရွာကို သုံးရက်ဆက်တိုက်ဝင်ရောက်တာလို့ ဒေသခံရွာသားတွေက ပြောကြားချက်အရ သိရသည်။
အဆိုပါတောဆင်ရိုင်းဟာ လူတွေနဲ့အမြဲထိတွေ့မှုရှိနေပြီး မယဉ်မရိုင်းအနေအထားကြောင့် အရင်က မောင်းရတာလွယ်ပေမဲ့ ခုချိန်မှာတော့ ခက်ခဲလာပြီး ပြန်ရန်မူတတ်တယ်လို့ ဆင်ဦးစီး ကိုကျော်မျိုးခိုင်က ပြောပါတယ်။
#Myanmar_Online_News #တောဆင်ရိုင်း#တိုက်ကြီးမြို့ #လူသန့်အင်းကျေးရွာ
0 comments:
Post a Comment