ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ စလဘူရီ-ဖဲ့-နကော်စဝမ် နဲ့ ချင်းရိုင် ဒေသတွေမှာဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြားး အရေအတွက်ဟာ ငါးသန်းနီးပါး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ချင်းမိုင်နဲ့ တပ်ခရိုင်တွေမှာ မူးယစ်ဆေးဝါးသယ်ဆောင်နေတဲ့လမ်းကြောင်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဝင်မလာနိုင်အောင် နယ်စပ်တစ်လျှောက် တင်းတင်းကြပ်ကြပ် ရှာဖွေပိတ်ဆို့စစ်ဆေးနေတာကြောင့် ထိုင်းလာအိုနယ်စပ် နကော်ဖနုံခရိုင်ကနေ ဇိမ်ခံကားငယ်တွေနဲ့ ဘန်ကောက်ထိအောင် လမ်းကြောင်း ပြောင်းသယ်ဆောင်လာတာသိရှိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့က စလဘူရီခရိုင် အဝေးပြေးလမ်းမမှာ ၁၉၁ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြား ၄ သန်းနဲ့ ရေခဲမူးယစ်ဆေး ၄၁ ကီလို တင်ဆောင်မောင်းနှင်လာတဲ့ Mitsubishi Pajero အဖြူရောင်ကားငယ်ဟာ ရဲကားတွေနောက်ကလိုက်ဖမ်းတာကို မောင်းပြေးရင်း
မလွတ်နိုင်တဲ့အဆုံး ကားကိုလမ်းဘေးထိုးရပ်ပြီး မောင်းတဲ့သူတွေထွက်ပြေး သွားခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း နကော်စဝမ်မှာ မူးယစ်တရားခံနှစ်ဦးနဲ့အတူစိတ်ကြွဆေး ၅၅၀၀၀၀ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အဝေးပြေးရဲတပ်ဖွဲ့ ၁၉၁ က ရဲမှူး စူစဝပ် စီတိဖုန်း ကတော့ စိတ်ကြွဆေး သယ်လာတဲ့ ကားတွေဟာ ရွာလမ်းတွေကနေ ရဲဂိတ်တွေကို ကွေ့ရှောင် မောင်းနေကြတာဖြစ်တာကြောင့် အခုလိုမသင်္ကာတဲ့ ကားတွေကိုအထူး စောင့်ကြည့် စစ်ဆေးနေတဲ့ ၁၉၁ လှည့်ရဲကင်းကားနဲ့ တိုးပြီး
မောင်းပြေးကြတာ လို့ ထုတ်ဖေါ်ပြောဆိုကြောင်း သိရှိရပါတယ်။
<<zawgyi>>
အခုရက်ပိုင်းအတွင် ထိုင်းနိုင်ငံတဝှမ်း ဆက်တိုက်ဖမ်းမိနေတဲ့ စိတ်ကြွဆေးပြား ၅ သန်းနီးပါးရှိ
Friday , October 25 , 2019
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ စလဘူရီ-ဖဲ့-နကော်စဝမ် နဲ့ ချင်းရိုင် ဒေသတွေမှာဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြားး အရေအတွက်ဟာ ငါးသန်းနီးပါး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ချင်းမိုင်နဲ့ တပ်ခရိုင်တွေမှာ မူးယစ်ဆေးဝါးသယ်ဆောင်နေတဲ့လမ်းကြောင်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဝင်မလာနိုင်အောင် နယ်စပ်တစ်လျှောက် တင်းတင်းကြပ်ကြပ် ရှာဖွေပိတ်ဆို့စစ်ဆေးနေတာကြောင့် ထိုင်းလာအိုနယ်စပ် နကော်ဖနုံခရိုင်ကနေ ဇိမ်ခံကားငယ်တွေနဲ့ ဘန်ကောက်ထိအောင် လမ်းကြောင်း ပြောင်းသယ်ဆောင်လာတာသိရှိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့က စလဘူရီခရိုင် အဝေးပြေးလမ်းမမှာ ၁၉၁ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြား ၄ သန်းနဲ့ ရေခဲမူးယစ်ဆေး ၄၁ ကီလို တင်ဆောင်မောင်းနှင်လာတဲ့ Mitsubishi Pajero အဖြူရောင်ကားငယ်ဟာ ရဲကားတွေနောက်ကလိုက်ဖမ်းတာကို မောင်းပြေးရင်း
မလွတ်နိုင်တဲ့အဆုံး ကားကိုလမ်းဘေးထိုးရပ်ပြီး မောင်းတဲ့သူတွေထွက်ပြေး သွားခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း နကော်စဝမ်မှာ မူးယစ်တရားခံနှစ်ဦးနဲ့အတူစိတ်ကြွဆေး ၅၅၀၀၀၀ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အဝေးပြေးရဲတပ်ဖွဲ့ ၁၉၁ က ရဲမှူး စူစဝပ် စီတိဖုန်း ကတော့ စိတ်ကြွဆေး သယ်လာတဲ့ ကားတွေဟာ ရွာလမ်းတွေကနေ ရဲဂိတ်တွေကို ကွေ့ရှောင် မောင်းနေကြတာဖြစ်တာကြောင့် အခုလိုမသင်္ကာတဲ့ ကားတွေကိုအထူး စောင့်ကြည့် စစ်ဆေးနေတဲ့ ၁၉၁ လှည့်ရဲကင်းကားနဲ့ တိုးပြီး
မောင်းပြေးကြတာ လို့ ထုတ်ဖေါ်ပြောဆိုကြောင်း သိရှိရပါတယ်။
#Myanmar_Online_News #SAW
0 comments:
Post a Comment