Friday, October 25, 2019

အမေရိကန်အောက်လွှတ်တော်၌ Facebook တည်ထောင်သူမက်ခ်ဇူကာဘတ်အား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်တွင် Bitcoin တန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့

Image may contain: 1 personImage may contain: one or more people and indoor
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) တွင် Facebook ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်ဇ်ဇူကာဘတ်သည် Libra ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်ရှိ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်မတီ၏ ကြားနားစစ်ဆေးမှုအခမ်းအနား၌ အမေရိကန်ဘဏ္ဍာရေးအာဏာပိုင်အားလုံး၏ တိကျခိုင်မာသော ခွင့်ပြုချက်ကိုမရရှိပါက Facebook အနေဖြင့် Libra ဒီဂျစ်တယ် ငွေကြေးထုတ်ဝေမှုကိုစတင်လုပ်ဆောင်ဦးမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် Bitcoinတန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

မက်ခ်ဇူကာဘတ်သည် အမေရိကန်လွှတ်တော်၌ ယခုကဲ့သို့ ရှင်းလင်းဖြေကြားမှုပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းပထမဆုံးအကြိမ်ပင်ဖြစ်ပြီး မက်ခ် ဇူကာဘတ်သည် လွှတ်တော်အမတ်များ၏ ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ခဲ့ရသည်ဟု သိရှိရကြောင်း၊ ဒီဂျစ်တယ် ငွေကြေးဈေးကွက်ကို တွင်ကျယ်စေမည့် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်မှာ ကမ္ဘာ့နိုင်ငံအသီးသီး၏ ကန့်ကွက်မှုများကို ကြုံတွေ့နေရသည့်အပြင် အမေရိကန်အောက်လွှတ်တော်၌ မက်ခ်ဇူကာဘတ်၏ Libra ငွေကြေးအစီအစဉ်ကို ဆိုင်းငံ့ဖွယ်ရှိကြောင်း ပြောကြားချက်ကြောင့် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ Bitcoin တန်ဖိုးကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် Bitcoin တန်ဖိုးမှာ ၆.၉၅% ကျဆင်းခဲ့ပြီးတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၇၄၇၁) ဒေါ်လာဝန်းကျင်၌ ဖြစ်ပေါ် ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ မေလနောက်ပိုင်း (၅) လတာကာလအတွင်းအနိမ့်ဆုံးအနေအထားဖြစ်ကြောင်း၊ Bitcoinတန်ဖိုးမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှစ၍ လက်ရှိအချိန်အထိကာလအတွင်း ၄၇% ခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

<<Zawgyi>>
အမေရိကန်အောက်လွှတ်တော်၌ Facebook တည်ထောင်သူမက်ခ်ဇူကာဘတ်အား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်တွင် Bitcoin တန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့
Friday , October 25 , 2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) တွင် Facebook ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်ဇ်ဇူကာဘတ်သည် Libra ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်ရှိ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်မတီ၏ ကြားနားစစ်ဆေးမှုအခမ်းအနား၌ အမေရိကန်ဘဏ္ဍာရေးအာဏာပိုင်အားလုံး၏ တိကျခိုင်မာသော ခွင့်ပြုချက်ကိုမရရှိပါက Facebook အနေဖြင့် Libra ဒီဂျစ်တယ် ငွေကြေးထုတ်ဝေမှုကိုစတင်လုပ်ဆောင်ဦးမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် Bitcoinတန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
မက်ခ်ဇူကာဘတ်သည် အမေရိကန်လွှတ်တော်၌ ယခုကဲ့သို့ ရှင်းလင်းဖြေကြားမှုပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းပထမဆုံးအကြိမ်ပင်ဖြစ်ပြီး မက်ခ် ဇူကာဘတ်သည် လွှတ်တော်အမတ်များ၏ ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ခဲ့ရသည်ဟု သိရှိရကြောင်း၊ ဒီဂျစ်တယ် ငွေကြေးဈေးကွက်ကို တွင်ကျယ်စေမည့် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်မှာ ကမ္ဘာ့နိုင်ငံအသီးသီး၏ ကန့်ကွက်မှုများကို ကြုံတွေ့နေရသည့်အပြင် အမေရိကန်အောက်လွှတ်တော်၌ မက်ခ်ဇူကာဘတ်၏ Libra ငွေကြေးအစီအစဉ်ကို ဆိုင်းငံ့ဖွယ်ရှိကြောင်း ပြောကြားချက်ကြောင့် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ Bitcoin တန်ဖိုးကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် Bitcoin တန်ဖိုးမှာ ၆.၉၅% ကျဆင်းခဲ့ပြီးတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၇၄၇၁) ဒေါ်လာဝန်းကျင်၌ ဖြစ်ပေါ် ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ မေလနောက်ပိုင်း (၅) လတာကာလအတွင်းအနိမ့်ဆုံးအနေအထားဖြစ်ကြောင်း၊ Bitcoinတန်ဖိုးမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှစ၍ လက်ရှိအချိန်အထိကာလအတွင်း ၄၇% ခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Ref-#reuters #BSI_Myanmar

0 comments:

Post a Comment