Monday, October 28, 2019

ပဲခူးတိုင်းဝန်ကြီးချုပ်ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ NLD ပါတီမှလည်း မြန်မာတစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများကို တောင်းပန်ခဲ့

Image may contain: 1 person, sitting, table and indoorImage may contain: 1 person, sitting, table and indoor

အောက်တိုဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရှိ တာဝန်ရှိသူတွေ ဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် တွေ့ဆုံခဲ့ကြပြီး NLD ပါတီပြောဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပဲခူးတိုင်းဝန်ကြီးချုပ်ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ပါတီက ခန့်ထား၊ တာဝန်ပေးထားတဲ့ ဝန်ကြီးချုပ်ဖြစ်လို့ သူတို့မှာတာဝန်ရှိသည့်အတွက် မြန်မာတစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေကို ကြေညာပေးပါဆိုပြီး တောင်းပန်စကားပြောခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အောက်တိုဘာလ ၅ ရက်နေ့က နတ်တလင်းက လူထုတွေ့ဆုံပွဲတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်လို့ ကျေးရွာသားတွေရဲ့ တင်ပြချက်အပေါ် ပြန်လည် ဖြေကြား ရာမှာ ဝန်ထမ်းအိမ်ရာ မလိုဘဲ ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် အခုလို ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် က လူသိရှင်ကြားတောင်းပန်ဖို့ အောက်တိုဘာလ ၁၂ ရက်နေ့ က ထုတ်ပြန်ချက် ထုတ်ပြီးတောင်းဆို ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကပြန်ရှင်းတာက လူထုနဲ့တွေ့ဆုံတဲ့အခါ ဖက်လဲတကင်း၊ တရင်းတနှီး နဲ့ နွေးနွေးထွေးထွေး နေဖို့ နိုင်ငံတော် အတိုင်ပင်ခံ ကပြောထားတော့ သူက သွားလေရာမှာ မိသားစုသဖွယ် တရင်းတနှီး နေလေ့ ရှိတယ်၊ အခုလည်း ကျောင်းကိစ္စ ကို မေးလာကြတော့ သူတူမတွေ ကလည်း အခုလို နယ်ခံတွေနဲ့ အိမ်ထောင်ကျပြီး အဆင်ပြေ နေတော့ လွှတ်ကနဲပြောမိတာ ဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့သည် ။
အောက်တိုဘာ ၂၈ ရက် တွေ့ဆုံပွဲမှာ ဆရာ၊ဆရာများ၏ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မယ်လို့ လည်း ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းကပြောဆိုသွားခဲ့ကြောင်းလည်းသိရှိရပါသည်။
NLDပါတီအနေဖြင့်မူ ဝန်ကြီးချုပ်အား အရေးယူတာ မယူတာ ကတော့ ပါတီ ဘက် ကတာဝန်ဖြစ်သွားတယ်၊ ကျွန်တော်တို့ ကတော့ ဆရာ ဆရာမတွေ ဘက် ကသဘောထားကိုတော့ ကြေညာ ချက်ထုတ်ပြီး ပြန်နားထောင်ဖို့ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဒေါက်တာဇော်မျိုးလှိုင် ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
<<Zawgyi>>
ပဲခူးတိုင်းဝန်ကြီးချုပ်ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ NLD ပါတီမှလည်း မြန်မာတစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများကို တောင်းပန်ခဲ့
Tuesday , October 29 , 2019

#Myanmar_Online_News #NLDပါတီ #မြန်မာနိုင်ငံလုံးဆိုင်ရာ #ဆရာ၊ ဆရာမများအဖွဲ့ချုပ် #ပဲခူးတိုင်းဝန်ကြီးချုပ်

0 comments:

Post a Comment