Sunday, November 24, 2019

မိသားစုထဲမှာ အစိုးရဝန်ထမ်းရှိရင် မဖြစ်မနေသိထားသင့်တဲ့ မိသားစုပင်စင်အကြောင်း

Image may contain: 5 people, people sitting

ဝန်ထမ်းမိသားစုများအတွက် မျှဝေပေးလိုက်ပါတယ်။ မိသားစုပင်စင်ဆိုင်ရာ သိမှတ်ဖွယ်ရာအချို့ပါ။ ပင်စင်စားတဦး ဆုံးသွားရင် ကျန်ရစ်သူတွေ ဆက်လက်ခံစားခွင့်ရှိတဲ့ မိသားစုပင်စင်ဆိုတာ…

(၁) လုပ်သက် (၁)နှစ်အောက် = အကျိုးခံစားခွင့် မရှိ။
(၂) လုပ်သက် (၁)နှစ်မှ (၄)နှစ်အထိ = တစ်နှစ်ကို (၁)လစာနှုန်း၊ လုပ်သက်ဆုငွေသာခံစားခွင့်ရှိ။ (ပင်စင်ခံစား ခွင့် မရှိ)။
(၃) လုပ်သက် (၅)နှစ်မှ (၉)နှစ်အထိ = လစာရဲ့(၁၂)ဆ၊ လုပ်သက်ဆုငွေသာခံစားခွင့်ရှိ။ (ပင်စင်ခံစားခွင့်မရှိ)။
(၄) လုပ်သက် (၁၀)နှစ်မှ (၂၃)နှစ်အထိ = လစာရဲ့(၁၂)ဆ၊ လုပ်သက်ဆုငွေနှင့် ပင်စင်ပါ ခံစားခွင့်ရှိ။ (လစာရဲ့ ၁၂ ဆ နဲ့တွက်ချက်ပေးတာက လုပ်သက်ဆုငွေဟာ လစာရဲ့ ၁၂ ဆအောက် မလျော့နည်းစေရဆိုတဲ့သတ်မှတ် ချက်ရှိတာရယ်၊ ပုံသေနည်းဖြင့် တွက်ချက်ပါက လစာရဲ့ ၁၂ ဆအောက် လျော့နည်းနေတာရယ်ကြောင့် လုပ်သက် ၂၃ နှစ်ထိ လုပ်သက်ဆုငွေကို လစာရဲ့ ၁၂ ဆနဲ့ တွက်ချက်တာဟာ အမှန်ဆုံးပါဘဲ၊ မသေချာရင် ပုံသေနည်းနဲ့ တွက်ကြည့်ပါ)
(၅) လုပ်သက် (၂၄)နှစ်နဲ့ အထက်မှသာ ပုံသေနည်းဖြင့် တွက်ချက်ပေးသင့်ပါတယ်။ (သူကတော့ လုပ်သက်ဆု ငွေဟာ လစာရဲ့ ၁၂ ဆ ထက်များလာမှာမို့ပါ။
(၆) မိသားစုပင်စင်မှာ ကွယ်လွန်သူဝန်ထမ်းဟာ အပျို၊ လူပျို ဖြစ်လို့ ညီ၊ ညီမတွေက လျှောက်ထားမယ်ဆိုရင် အတူနေ မှီခိုသူဖြစ်ရမယ်။ အိမ်ထောင်ရှိသူ ညီ၊ ညီမတွေ ဆိုရင် မရတော့ပါ။ ဝန်ထမ်းနဲ့ သီးခြားစီနေတာဆိုရင် မရတော့ပါ။
(၇)ဇနီးဆိုရင် တရားဝင်ဇနီးကြီးဖြစ်ကြောင်း၊ တစ်ဦးတည်းသော ဇနီးဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီး အကဲရဲ့ ထောက်ခံချက်ပါရပါမယ်။
(၈) ၂၆-၃-၂၀၁၄ ရက်နေ့ နောက်ပိုင်းမှာ မိသားစုပင်စင်ခံစားနေတဲ့ ခင်ပွန်းဟာ နောက်အိမ်ထောင်ပြုရင် ပင်စင်ရပ်ရပါမယ်။ ယင်းရက်ထက် စောပြီးတော့ ခံစားနေတဲ့ ခင်ပွန်း ဆိုရင် ပင်စင်ခံခွင့် မရပ်ရပါဘူး။
(၉) သမီး မုဆိုးမဆိုရင် ဝန်ထမ်း မကွယ်လွန်မီတည်းက မုဆိုးမဖြစ်နေသူဖြစ်ရမယ်။ ဝန်ထမ်း သေပြီးမှ မုဆိုးမဖြစ်သူဆိုရင် မရပါဘူး။
(၁၀) သားသမီးဆိုတဲ့အထဲမှာ လင်ပါ၊ မယားပါ သားသမီးအားလုံး၊ မွေးစားသားသမီအားလုံး ပါဝင်ပါတယ်။ (၁၁) မွေးစားသားသမီးဆိုရင် တရားရုံးမှာ စာချုပ်စာတမ်းနဲ့ မွေးစားထားရုံနဲ့ မရပါဘူး။ စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဖြစ်ရပါမယ်။
(၁၂) မိသားစုပင်စင်ကို ဂီလာနသားသမီးတွေ ခံစားခွင့်ရှိပါတယ်။ ဂီလာနသားသမီးဆိုရင် ကျောင်းနေ၊ မနေ ထည့်သွင်းစဉ်းစားစရာ မလိုပါဘူး။ ကျန်းမာရေးထောက်ခံချက် လိုပါတယ်။ ဌာနအကြီးအကဲထောက်ခံချက် လိုပါတယ်။ မှီခိုသူကင်းရှင်းကြောင်း ထောက်ခံချက်ပေးရင် မိသားစုပင်စင် ခံစားခွင့်ပေးပါတယ်။ (မှတ်သား ရာ စီရင်ထုံးတစ်ခု-ကွယ်လွန်သူဝန်ထမ်း၏ ဒုက္ခိတမျက်မမြင်ညီငယ်သည် မှီခိုနေရသူဖြစ်သော်လည်း အိမ် ထောင်ရှိသူဖြစ်၍ ဝန်ထမ်းအပေါ် လုံးဝမှီခိုနေရခြင်း မရှိသဖြင့် ပင်စင်ခံစားခွင့် မပြု။)
(၁၃) မယားပြိုင်ရှိနေလျှင် တရားဝင်ဇနီးကြီးဖြစ်ကြောင်း ထောက်ခံချက်ပေးသူကိုသာ ပင်စင် ပေးရမယ်။ (၁၄) ပထမဇနီးကွယ်လွန်ရင် နောက်ဇနီးကို ပင်စင်ဆင်လက်ခံစားခွင့် မပေးတော့ပါ။
(၁၅) ညီအစ်ကိုမောင်နှမများဟာ အပျို လူပျိုဖြစ်မှသာ ခံစားခွင့်ရှိပါမယ်။ မှီခိုမှုလည်း ပေါ်လွင်ရမယ်။
(၁၆)။ မိသားစုပင်စင်မှာ အုပ်စု (၂)ခုရှိတာ သဘောပေါက်ရပါမယ်။ ရောပြီးစဉ်းစားလို့ မရပါဘူး။ သီးသန့် စီသာဖြစ်ပါတယ်။ (အိမ်ထောင်သည်ဝန်ထမ်း/ အပျိုလူပျိုဝန်ထမ်း)
(၁၇)။ အဖမဲ့မြေးဆိုတာ ဝန်ထမ်းရဲ့ သားသမီးက တိုက်ရိုက်မွေးသူဖြစ်ရပါမယ်။ တူ၊ တူမတွေက မွေးလို့ တော်စပ်တဲ့မြေးဆိုရင် မရပါဘူး။
(၁၈)။ မိသားစုပင်စင် ခံစားနေတဲ့ ဇနီး/ ခင်ပွန်း သေဆုံးသွားခဲ့ရင် သူ့ရဲ့တရားဝင်မွေးစားထားတဲ့ သားသမီးကို ဆက်မပေးရပါဘူး။ မူလဝန်ထမ်းက မွေးစားတဲ့သားသမီးတွေကိုသာ ပေးရပါမယ်။ ဝန်ထမ်း သေသွားပြီးမှ မိသားစုပင်စင်ခံစားနေတဲ့ ဇနီး/ ခင်ပွန်းက နောက်ထပ် မွေးစားတာဟာ ဝန်ထမ်းက မွေးစားခဲ့တာ မဟုတ်လို့ ခံစားခွင့်မရတာပါ။ သေသူဝန်ထမ်းနဲ့ ဘာမှ မတော်စပ်ဘူးလို့ သိထားရပါမယ်။
(၁၉)။ တစ်ခုလပ်သားသမီးတွေဟာ ပင်စင်ခံစားခွင့် မရှိပါဘူး။
(ကျွန်တော် တင်ပြခဲ့တဲ့ အချက်တွေထဲမှ ပင်စင်မပေးဘူး၊ ပင်စင်ခံစားခွင့် မရှိဘူးလို့ တင်ပြခဲ့တာတွေဟာ ဘာမှ အကျိုးခံစားခွင့် မရှိတော့ဘူးလို့် ပြောတာမဟုတ်ပါဘူး၊ အထက်က သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် ဝန်ထမ်းရဲ့ အမှုထမ်းသက်အတွက် အကျိုးခံစားခွင့်အနေနဲ့ လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ ထုတ်ပေး သွားမှာ ဖြစ်ပြီးတော့ လစဉ်ပင်စင်ကိုတော့ ခံစားခွင့် မပေးဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်)

လိုအပ်ချက်များ ရှိပါက ဖြည့်စွက်နိုင်ကြပါတယ် ခင်ဗျာ…တောင်းဆိုထားသူများကို ရည်ရွယ်တင်ပြခြင်းသာ ဖြစ်ပါတယ်။
မူရင်းရေးသားသူအား Credit ပေးပါသည်။
<zawgyi>
မိသားစုထဲမှာ အစိုးရဝန်ထမ်းရှိရင် မဖြစ်မနေသိထားသင့်တဲ့ မိသားစုပင်စင်အကြောင်း
Sunday,November 24, 2019

0 comments:

Post a Comment