Sunday, November 24, 2019

နေအိမ်တွင် သေဆုံးနေသည့် တောင်ကိုရီးယား K-pop အဆိုတော် ဂူးဟာရာ (Goo Hara)


တောင်ကိုရီးယား K-pop အဆိုတော် ဂူးဟာရာ(Goo Hara)သည် အသက် ၂၈ နှစ်အရွယ်တွင် သူ၏ အိမ်တွင် သေဆုံးနေသည်ကို တွေ့ရကြောင်း တောင်ကိုရီးယား ပြည်တွင်း သတင်းဌာနများက ရေးသားကြသည်။

သူ့ရုပ်အလောင်းအား တောင်ကိုရီးယားစံတော်ချိန် ယနေ့(နိုဝင်ဘာ ၂၄)ညနေ ၆ နာရီခန့်က ဆိုးလ်မြို့နှင့် မဝေးသော ချွန်ဒမ်(Cheongdam)မြို့ရှိ သူ၏ အိမ်တွင် တွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
သေဆုံးရခြင်းအကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟပ် သတင်း အေဂျင်စီက ရေးသားထားသည်။
ယခုနှစ် မေလအတွင်းကလည်း ဂူးဟာရာသည် သူ၏ အိမ်ဝယ် သတိလစ်နေသည်ကို သူ၏ မန်နေဂျာက တွေ့ခဲ့ရသေးကြောင်း သိရသည်။
Image may contain: 1 person, selfie and closeup
Image may contain: 1 person, closeup
Image may contain: 1 person, closeup
Source: CNA/ic
Ref: K-pop star Goo Hara found dead aged 28: Reports
<zawgyi>
နေအိမ်တွင် သေဆုံးနေသည့် တောင်ကိုရီးယား K-pop အဆိုတော် ဂူးဟာရာ (Goo Hara)


တောင်ကိုရီးယား K-pop အဆိုတော် ဂူးဟာရာ(Goo Hara)သည် အသက် ၂၈ နှစ်အရွယ်တွင် သူ၏ အိမ်တွင် သေဆုံးနေသည်ကို တွေ့ရကြောင်း တောင်ကိုရီးယား ပြည်တွင်း သတင်းဌာနများက ရေးသားကြသည်။
သူ့ရုပ်အလောင်းအား တောင်ကိုရီးယားစံတော်ချိန် ယနေ့(နိုဝင်ဘာ ၂၄)ညနေ ၆ နာရီခန့်က ဆိုးလ်မြို့နှင့် မဝေးသော ချွန်ဒမ်(Cheongdam)မြို့ရှိ သူ၏ အိမ်တွင် တွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
သေဆုံးရခြင်းအကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟပ် သတင်း အေဂျင်စီက ရေးသားထားသည်။
ယခုနှစ် မေလအတွင်းကလည်း ဂူးဟာရာသည် သူ၏ အိမ်ဝယ် သတိလစ်နေသည်ကို သူ၏ မန်နေဂျာက တွေ့ခဲ့ရသေးကြောင်း သိရသည်။
Source: CNA/ic
Ref: K-pop star Goo Hara found dead aged 28: Reports

0 comments:

Post a Comment