Thursday, March 5, 2020

ချင်းလူမျိုးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းမိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

Image may contain: 1 person

ချင်းလူမျိုးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းမိသားစု အသက်အန္တရာယ်ခြိမ်း ခြောက်ခံနေရကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

ယခင်၂၀၁၀ ခုနှစ်မှ ၂၀၁၅ ထိ ချင်းပြည်နယ်အစိုးရအဖွဲ့မှာ သစ်တော နှင့် သတ္ထုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ချင်း လူမျိုး ဦးကျော်ငြိမ်းသည် AA အဖွဲ့မှထွက်ပြေးလွတ်မြောက်သွားသူ များအား တပ်မတော်သို့ပို့ပေးနေသည်ဟုဆိုကာ AA တပ်ဖွဲ့က စွပ်စွဲ ကာ ဖမ်းဆီးသတ်ဖို့ညွှန်ကြားထားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
“သူ့ကိုသတ်ဖို့ခြိမ်းခြောက်ထားတာရှိတယ်၊ ခူမီးချင်းမျိုးနွယ်စုများရေး ရာ ပေါင်းစပ်ညိုနှိုင်းရေး ကော်မတီမှာ ပါနေတာဆိုတော့ သူ့ကိုဖမ်း ပြီးသတ်ရင် ပလက်ဝမှာ AA နေလို့ရမှာ မဟုတ်တော့ဘူး၊ သူကိုယ် တိုင်လည်း မီဒီယာကနေတဆင့် တရားဝင်ဖြေရှင်းပြောထားတာ ဆို တော့ AA ကဖမ်းပြီးသတ်ရင် AA မှားသွားမှာပေါ့၊ AA က လက်ရှိ လာနေနေတာ ပလက်ဝ၊ ပလက်ဝမြို့ဆိုတာ ချင်းပြည်နယ်ထဲက ချင်း လူမျိုးတွေနေထိုင်တဲ့မြို့လေ လက်နက်နဲ့မဟုတ်ဘူး ဝိုင်းရိုက်သတ် တောင် AA ပြန်ထွက်ပြေးသွားရမှာ” ဟု အမည်မဖော်လိုသူ ခူမီးချင်း လူငယ်တစ်ဦးက ပြောသည်။
ချင်းလူမျိုးများနေထိုင်ရာ ချင်းပြည်နယ် ပလက်ဝမြို့အား ရခိုင်လွတ် မြောက်ရေးအတွက်ဟုဆိုကာ ၂၀၁၈ မှ စပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ သောကြောင့် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိကာ အချို့မှာ မိမိနေရပ်ကိုစွန်ခွာကာ အခြားမြို့များသို့ ထွက်ပြေးနေရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယခုအခါ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေပြီး ဆန်စျေးများ တဟုန်တိုးတက်လာကာ နေရာ တော်တော်များများမှာ AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက် နေသော ကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှာ မိမိနေရပ်ကိုစဟွန့်ခွာ၍ ချင်းပြည်နယ် ထန်တလန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။
Ref : May Yu #Myanmar_Online_News
>>Zawgyi<<
ချင်းလူမျိုးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းမိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
Friday , March 6 , 2020

0 comments:

Post a Comment