Friday, March 6, 2020

ငါန်းဇွန်မြို့နယ် ဆေးခြောက်စိုက်ခင်းအမှု မတ်လ ၁၀ ရက် အမိန့်ချမည်


Image may contain: plant and outdoor
မန္တလေးမြို့၊ မြင်းခြံခရိုင် မြို့သာစက်မှုဥယျာဉ်တွင် ဆေးခြောက် စိုက်ပျိုးသည်ဆိုကာ တရားစွဲဆို ထားသော အမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသော ကိုရှိန်းလတ်ကို မတ်လ ၁၀ ရက်တွင် အမိန့်ချမည်ဟု ၎င်း၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
အမေရိကန်နိုင်ငံသားတစ် ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်အထိချမှတ်၍ ရသောပုဒ်မများဖြင့် တရားစွဲဆိုမှုတွင် အမေရိကန်နိုင်ငံသားသည် အာမခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာထားသည်။

မြန်မာနိုင်ငံသား နှစ်ဦးအ နက် မရွှန်းလဲ့မြတ်နိုးသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိ၍ တရားရုံးက တရားရှင်လွှတ်ခဲ့ပြီး ကိုရှိန်းလတ်တစ်ဦးသာ ကျန်ရှိနေသည်။ ကိုရှိန်းလတ်ကို မူးယစ်ဆေး ဝါးဥပဒေပုဒ်မ ၁၅(က)၊ ၂၀(က)၊ ၁၆(ခ)တို့ဖြင့် စွဲချက်တင်ခဲ့ပြီး မတ်လ ၃ ရက်က အပြီးသတ် လျှောက်လဲချက်ပေးထားသည်။

ယင်းအမှုတွင် အမေရိကန် နိုင်ငံသား ဂျွန်ကို တရားရုံးက ကျပ် သိန်း ၃,၁၅၀ ဖြင့် အာမခံပေးထား သည်။ သို့သော် ဂျွန်သည်ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းကို အာမခံပေးသူက မတ်လ ၃ ရက်တွင် မြင်းခြံခရိုင်တရားရုံး၌ အာမခံငွေ ပေးလျော်ခဲ့သည်။

‘‘သူက စာအုပ်အပ်ထားရ တာ။ ဘဏ်စာအုပ်ထဲမှာ သိန်း တစ်သောင်းလောက်တော့ ရှိမယ်။အဲဒီထဲကနေ နုတ်သွားမှာပေါ့။ သွားပေးစရာ မလိုဘူး’’ဟု ဦးသိန်းသန်းဦးက ပြောသည်။ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ရှိ မြို့သာစက်မှုဥယျာဉ်အတွင်း အမေရိကန်ကုမ္ပဏီ 3M က မြေ နေရာငှားရမ်း၍ ဆေးခြောက်ဧက ၂၀ ခန့် စိုက်ပျိုးထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကုမ္ပဏီတာဝန်ရှိသူများနှင့် စက်မှုဥယျာဉ်တာဝန်ရှိသူများက မူ အဆိုပါ ဆေးခြောက်များသည် မူးယစ်ဆေးဝါး (Marijuana) မဟုတ်ဘဲ ချည်မျှင်နှင့် ဆေးဖက် ဝင် အဆီထုတ်လုပ်နိုင်သော (Hemp) ဆေးခြာက်လျှော်များ ဖြစ်ကြောင်း ဖြေရှင်းထားသည်။
ref-7day
>>Zawgyi<<
ငါန်းဇွန်မြို့နယ် ဆေးခြောက်စိုက်ခင်းအမှု မတ်လ ၁၀ ရက် အမိန့်ချမည်
Friday , March 6 , 2020

မန္တလေးမြို့၊ မြင်းခြံခရိုင် မြို့သာစက်မှုဥယျာဉ်တွင် ဆေးခြောက် စိုက်ပျိုးသည်ဆိုကာ တရားစွဲဆို ထားသော အမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသော ကိုရှိန်း လတ်ကို မတ်လ ၁၀ ရက်တွင် အမိန့်ချမည်ဟု ၎င်း၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အမေရိကန်နိုင်ငံသားတစ် ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်အထိချမှတ်၍ ရသောပုဒ်မများဖြင့် တရားစွဲဆိုမှုတွင် အမေရိကန်နိုင်ငံသားသည် အာမခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာထားသည်။

မြန်မာနိုင်ငံသား နှစ်ဦးအ နက် မရွှန်းလဲ့မြတ်နိုးသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိ၍ တရားရုံးက တရားရှင်လွှတ်ခဲ့ပြီး ကိုရှိန်းလတ်တစ်ဦးသာ ကျန်ရှိနေသည်။ ကိုရှိန်းလတ်ကို မူးယစ်ဆေး ဝါးဥပဒေပုဒ်မ ၁၅(က)၊ ၂၀(က)၊ ၁၆(ခ)တို့ဖြင့် စွဲချက်တင်ခဲ့ပြီး မတ်လ ၃ ရက်က အပြီးသတ် လျှောက်လဲချက်ပေးထားသည်။

ယင်းအမှုတွင် အမေရိကန် နိုင်ငံသား ဂျွန်ကို တရားရုံးက ကျပ် သိန်း ၃,၁၅၀ ဖြင့် အာမခံပေးထား သည်။ သို့သော် ဂျွန်သည်ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းကို အာမခံပေးသူက မတ်လ ၃ ရက်တွင် မြင်းခြံခရိုင်တရားရုံး၌ အာမခံငွေ ပေးလျော်ခဲ့သည်။

‘‘သူက စာအုပ်အပ်ထားရ တာ။ ဘဏ်စာအုပ်ထဲမှာ သိန်း တစ်သောင်းလောက်တော့ ရှိမယ်။အဲဒီထဲကနေ နုတ်သွားမှာပေါ့။ သွားပေးစရာ မလိုဘူး’’ဟု ဦးသိန်းသန်းဦးက ပြောသည်။ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ရှိ မြို့သာစက်မှုဥယျာဉ်အတွင်း အမေရိကန်ကုမ္ပဏီ 3M က မြေ နေရာငှားရမ်း၍ ဆေးခြောက်ဧက ၂၀ ခန့် စိုက်ပျိုးထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကုမ္ပဏီတာဝန်ရှိသူများနှင့် စက်မှုဥယျာဉ်တာဝန်ရှိသူများက မူ အဆိုပါ ဆေးခြောက်များသည် မူးယစ်ဆေးဝါး (Marijuana) မဟုတ်ဘဲ ချည်မျှင်နှင့် ဆေးဖက် ဝင် အဆီထုတ်လုပ်နိုင်သော (Hemp) ဆေးခြာက်လျှော်များ ဖြစ်ကြောင်း ဖြေရှင်းထားသည်။
ref-7day

0 comments:

Post a Comment