Friday, March 6, 2020

ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပြပွဲမှအပြန် စစ်သံမှူးများလိုက်ပါသည့် ရဟတ်ယာဉ်တစ်စီးအတက်တွင် ပျက်ကျ ရဟတ်ယာဉ်မှူးနှစ်ဦးသာ ဒဏ်ရာရရှိ

Image may contain: sky, mountain, tree, grass, outdoor and nature
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျင်းပသည့် ကျပ် ၉၁ ဘီလျံဖိုး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများပြသပွဲအပြီး သတင်းထောက်များနှင့် နိုင်ငံခြားစစ်သံမှူးများကို ပြန်ပို့မည့် ရဟတ်ယာဉ် ၄ စီးအနက် စစ်သံမှူးများလိုက်ပါသည့် ရဟတ်ယာဉ်တစ်စင်း အတက်တွင် ပျက်ကျခဲ့ရာ မောင်းသူနှစ်ဦး ဒဏ်ရာရခဲ့သော်လည်း စစ်သံမှူးများ ဘေးကင်းခဲ့ကြောင်း သတင်းရရှိသည်။

ပွဲအခမ်းအနားမှာ ၃ နာရီကျော်က ပြီးဆုံးခဲ့ပြီး ရန်ကုန်ပြန်ရန်အတွက် စတင်ပျံသန်းစဉ် စစ်သံမှူးများပါသည့် ရဟတ်ယာဉ်တစ်စီးက ပထမဆုံးပျံတက်စဉ် ယခုလိုဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ ဒီနေ့နေ့လယ် ၃ နာရီ၊ ၄၀ မိနစ်လောက်မှာ ကောင်းခါးရွာကထွက်တယ်။ အဲဒီမှာ ရဟတ်ယာဉ် ၄ စီးမှာ ၁ စီးက လေပေါ်တက်တက်ချင်း ရွာရဲ့ကွင်းပြင်ထိပ်မှာပြန်ကျတယ်။ ကွန်ကရစ်မီးတိုင်ကိုတိုက်မိတယ်။ ၃ ဦး ဒဏ်ရာရတဲ့အထဲက ၁ ဦးကတော့ ဦးခေါင်းတော်တော်ထိတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်သံမှူးတွေ၊ အရာရှိတွေပါတယ်။ ကောင်းခါးရွာကနေ လားရှိုးကိုအပြန်မှာဖြစ်တာပါ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ပြသပွဲသို့ လာရောက်သတင်းယူသည့် သတင်း ထောက်များကို ရဟတ် ယာဉ် နှစ်စီး၊ နိုင်ငံခြားစစ်သံမှူးများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ရန်ကုန်မှ နေ့ချင်းပြန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
Image may contain: outdoor
Image may contain: outdoor
Image may contain: outdoor
>>Zawgyi<<
#Breaking_News
ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပြပွဲမှအပြန် စစ်သံမှူးများလိုက်ပါသည့် ရဟတ်ယာဉ်တစ်စီးအတက်တွင် ပျက်ကျ ရဟတ်ယာဉ်မှူးနှစ်ဦးသာ ဒဏ်ရာရရှိ
Friday , March 6 , 2020

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျင်းပသည့် ကျပ် ၉၁ ဘီလျံဖိုး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများပြသပွဲအပြီး သတင်းထောက်များနှင့် နိုင်ငံခြားစစ်သံမှူးများကို ပြန်ပို့မည့် ရဟတ်ယာဉ် ၄ စီးအနက် စစ်သံမှူးများလိုက်ပါသည့် ရဟတ်ယာဉ်တစ်စင်း အတက်တွင် ပျက်ကျခဲ့ရာ မောင်းသူနှစ်ဦး ဒဏ်ရာရခဲ့သော်လည်း စစ်သံမှူးများ ဘေးကင်းခဲ့ကြောင်း သတင်းရရှိသည်။
ပွဲအခမ်းအနားမှာ ၃ နာရီကျော်က ပြီးဆုံးခဲ့ပြီး ရန်ကုန်ပြန်ရန်အတွက် စတင်ပျံသန်းစဉ် စစ်သံမှူးများပါသည့် ရဟတ်ယာဉ်တစ်စီးက ပထမဆုံးပျံတက်စဉ် ယခုလိုဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ ဒီနေ့နေ့လယ် ၃ နာရီ၊ ၄၀ မိနစ်လောက်မှာ ကောင်းခါးရွာကထွက်တယ်။ အဲဒီမှာ ရဟတ်ယာဉ် ၄ စီးမှာ ၁ စီးက လေပေါ်တက်တက်ချင်း ရွာရဲ့ကွင်းပြင်ထိပ်မှာပြန်ကျတယ်။ ကွန်ကရစ်မီးတိုင်ကိုတိုက်မိတယ်။ ၃ ဦး ဒဏ်ရာရတဲ့အထဲက ၁ ဦးကတော့ ဦးခေါင်းတော်တော်ထိတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်သံမှူးတွေ၊ အရာရှိတွေပါတယ်။ ကောင်းခါးရွာကနေ လားရှိုးကိုအပြန်မှာဖြစ်တာပါ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ပြသပွဲသို့ လာရောက်သတင်းယူသည့် သတင်း ထောက်များကို ရဟတ် ယာဉ် နှစ်စီး၊ နိုင်ငံခြားစစ်သံမှူးများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ရန်ကုန်မှ နေ့ချင်းပြန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment