Friday, March 6, 2020

ကိုရိုနာဗိုင်းရပ်စ်ဖြင့် ထိပ်တန်းအီရန်အစိုးရအဖွဲ့ဝင် ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် တရုတ်ပြီးလျှင် အီရန်ကို ထိုးနှက်သည့် အမေရိကန်၏ ဇီဝလက်နက်ဖြစ်နိုင်ဟု အီရန်တပ်မတော် သံသယရှိနေ

Image may contain: 1 person, text

ကိုရိုနာဗိုင်းရပ်စ်စွဲ Covid-2019 ရောဂါကူးစက်ပျံ့နှံ့ရခြင်း၏ နောက်ကွယ်တွင် အမေရိကန်က လက်သည် တရားခံဖြစ်နိုင်ပြီး ၎င်းတို့ ခြိမ်းခြောက်လျှက်ရှိသော တရုတ်ပြီးလျှင် အီရန်၌ အကြီးအကျယ်ဖြစ်ပွားနေခြင်းက ပြသလျှက်ရှိကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂိုလမ်ရီဇာဂျလာလီက ပြောဆိုသည်ဟု Russia Today က ယနေ့ မတ်လ ၆ ရက်နေ့တွင် ရေးသားထားသည်။

ဖြစ်နိုင်သည်မှာ ၎င်းဗိုင်းရပ်စ်သစ်ကို အမေရိကန်က ထုတ်လုပ်၍ ကနဦး တရုတ်၌ ပျံ့နှံ့စေပြီးနောက် အီရန်သို့ ရောက်လာစေခဲ့ကြောင်း၊ ၎င်းနောက် ကမ္ဘာအရပ်ရပ်သို့ကူးစက်သွားခြင်းဖြစ်နိုင်ကြောင်း၊ အီရန်သည် ဗိုင်းရပ်စ်ကို ကောင်းစွာတိုက်ဖျက်၍ ဖျားနာမှု့အရပ်ရပ်တို့ကို အမေရိကန်အရောက် ပြန်ပို့မည်ဖြစ်ကြောင်း မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ ဗိုလ်ချုပ်က ကြိမ်းဝါးလိုက်သည်ဆို၏။
အီရန်၏ ပြောဆိုချက်ကို အမေရိကန် Fox က ထပ်ဆင့် ဖော်ပြကာ အချွန်နှင့် မ 'ကြောင်း တွေ့ရှိရသည်။
ဗိုင်းရပ်စ် သစ်မှာ အလွန်ရန်လိုသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်နိုင်သည်ဆိုသော်လည်း မှန်ကန်ကြောင်း သက်သေပြရန် ဓါတ်ခွဲခန်းဆိုင်ရာစူးစမ်းမှုများနှင့်၊ ဗိုင်းရပ်စ်၏ သက်ရှိဗီဇနှင့်ဆိုင်သော ဂျီနုမ်း Genome တို့ကို ဆက်လက်လေ့လာရန် လိုအပ်ကြောင်း ဂိုလမ်ရီဇာဂျလာလီက ဆက်လက်ပြောဆိုသည်။

အီရန်သည် ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့နှံ့ရာ၌ တရုတ်ပြီးလျှင် Covid-19 နှိပ်စက်ခံရဆုံး နိုင်ငံဖြစ်နေသည်။ ယမန်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူ ၃,၅၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်း ၁၀၇-ဦးရှိခဲ့ရာ ၂၄-နာရီအတွင်း သေဆုံးသူ ၁၅-ဦး ရှိနေကြောင်းသိရသည်။
အီရန်ပါလီမန်အတွင်း အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကောင်စီအကြီးအကဲအပါဝင် အမတ် ၂၃-ဦးတွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိနေပြီး ယမန်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဟိုစိန်ရှိတ်ခိုလာမ် သေဆုံးသဖြင့် အီရန်အစိုးရအဖွဲ့တွင် ဗိုင်းရပ်ကြောင့် သေဆုံးသူ ၃-ဦးရှိပြီ ဖြစ်သည်။
အီရန်ပါလီမန်အား နောက်ထပ်ညွှန်ကြားချက် မထုတ်မပြန်မချင်း ယခုလကုန်ထိ ဆိုင်းငံ့ထားသည်။ ကျောင်းနှင့် တက္ကသိုလ်အားလုံး မတ်လ ၂ မှစတင်၍ နှစ်ကုန်အထိ ပိတ်ထားရသည်။လတ်တလောတွင် ကောလဟလနှင့် ယခုကဲ့သို့ ပါးစပ်သီအိုရီအမျိုးမျိုးတို့ ပျံနှံ့နေလင့်ကစား ဇီဝလက်နက် အမှန်ဖြစ်ကြောင်း တရားဝင်သက်သေပြနိုင်ခြင်း မရှိသေးကြောင်း ရုရှားအစိုးရ၏ နိုင်ငံတကာတွင် ဘာသာစကား ၆-မျိုးဖြင့် သတင်းဖြန့်ချီလျှက်ရှိသော Russia Today က ဆက်လက်ဖော်ပြသည်။
ယခုကဲ့သို့ ဇီဝလက်နက်မှန်းဆသီအိုရီများမှာ ရှေးယခင်ကလည်း အကြိမ်ကြိမ်ဖြစ်ဖူးသည်။ ပါးစပ်သီအိုရီမျှသာဖြစ်သည်လည်းရှိ သက်သေပြနိုင်သော်လည်း ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့သည်လည်း ရှိခဲ့ပါသည်။ လက်ရှိနိုင်ငံတကာအား ခြိမ်းခြောက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ဇီဝလက်နက်ဖြစ်ကြောင်း မှန်းဆသီအိုရီ ၅ မျိုးရှိနေသည်ဟု Daily Express က စုဆောင်းဖော်ပြပါသည်။ ၎င်းတို့အနက် ၁-မျိုးမှာ Covid-19 ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် တရုတ် ဟန်မျိုးနွယ် မျိုးရိုးဗီဇပါသူများအား ပစ်မှတ်ထားကူးစက်စေသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်သည်ဟူ၏။
ထိုသို့ဆိုလျှင် ယခုနောက်ဆုံးပေါ် ဇီဝလက်နက် ဗိုင်းရပ်စ်ဆိုသည်မှာ ယနေ့ခေတ်မီ ပုခုံးထမ်းဒုံးကျည်နှင့်မခြား အလိုရှိရာကို ချိန်ရွယ်သော့ချ ပစ်လွှတ်သည်နှင့် ပစ်မှတ်အား ထပ်ချပ်မကွာ မထိမချင်းလိုက်လံသည့် မစ်ဆိုင်းလ်နှင့် အတူတူဟု အံသြဖွယ် အဓိပ္ပါယ်ထွက်နေကြောင်း ပြောကြားခဲ့သည်။
Image may contain: one or more people and text
Image may contain: 1 person, text
Image may contain: text
Image may contain: one or more people
Source-OungMarine #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ဖြင့် ထိပ်တန်းအီရန်အစိုးရအဖွဲ့ဝင် ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် တရုတ်ပြီးလျှင် အီရန်ကို ထိုးနှက်သည့် အမေရိကန်၏ ဇီဝလက်နက်ဖြစ်နိုင်ဟု အီရန်တပ်မတော် သံသယရှိနေ
Friday , March 6 , 2020

ကိုရိုနာဗိုင်းရပ်စ်စွဲ Covid-2019 ရောဂါကူးစက်ပျံ့နှံ့ရခြင်း၏ နောက်ကွယ်တွင် အမေရိကန်က လက်သည် တရားခံဖြစ်နိုင်ပြီး ၎င်းတို့ ခြိမ်းခြောက်လျှက်ရှိသော တရုတ်ပြီးလျှင် အီရန်၌ အကြီးအကျယ်ဖြစ်ပွားနေခြင်းက ပြသလျှက်ရှိကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂိုလမ်ရီဇာဂျလာလီက ပြောဆိုသည်ဟု Russia Today က ယနေ့ မတ်လ ၆ ရက်နေ့တွင် ရေးသားထားသည်။
ဖြစ်နိုင်သည်မှာ ၎င်းဗိုင်းရပ်စ်သစ်ကို အမေရိကန်က ထုတ်လုပ်၍ ကနဦး တရုတ်၌ ပျံ့နှံ့စေပြီးနောက် အီရန်သို့ ရောက်လာစေခဲ့ကြောင်း၊ ၎င်းနောက် ကမ္ဘာအရပ်ရပ်သို့ကူးစက်သွားခြင်းဖြစ်နိုင်ကြောင်း၊ အီရန်သည် ဗိုင်းရပ်စ်ကို ကောင်းစွာတိုက်ဖျက်၍ ဖျားနာမှု့အရပ်ရပ်တို့ကို အမေရိကန်အရောက် ပြန်ပို့မည်ဖြစ်ကြောင်း မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ ဗိုလ်ချုပ်က ကြိမ်းဝါးလိုက်သည်ဆို၏။
အီရန်၏ ပြောဆိုချက်ကို အမေရိကန် Fox က ထပ်ဆင့် ဖော်ပြကာ အချွန်နှင့် မ 'ကြောင်း တွေ့ရှိရသည်။
ဗိုင်းရပ်စ် သစ်မှာ အလွန်ရန်လိုသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်နိုင်သည်ဆိုသော်လည်း မှန်ကန်ကြောင်း သက်သေပြရန် ဓါတ်ခွဲခန်းဆိုင်ရာစူးစမ်းမှုများနှင့်၊ ဗိုင်းရပ်စ်၏ သက်ရှိဗီဇနှင့်ဆိုင်သော ဂျီနုမ်း Genome တို့ကို ဆက်လက်လေ့လာရန် လိုအပ်ကြောင်း ဂိုလမ်ရီဇာဂျလာလီက ဆက်လက်ပြောဆိုသည်။

အီရန်သည် ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့နှံ့ရာ၌ တရုတ်ပြီးလျှင် Covid-19 နှိပ်စက်ခံရဆုံး နိုင်ငံဖြစ်နေသည်။ ယမန်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူ ၃,၅၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်း ၁၀၇-ဦးရှိခဲ့ရာ ၂၄-နာရီအတွင်း သေဆုံးသူ ၁၅-ဦး ရှိနေကြောင်းသိရသည်။
အီရန်ပါလီမန်အတွင်း အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကောင်စီအကြီးအကဲအပါဝင် အမတ် ၂၃-ဦးတွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိနေပြီး ယမန်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဟိုစိန်ရှိတ်ခိုလာမ် သေဆုံးသဖြင့် အီရန်အစိုးရအဖွဲ့တွင် ဗိုင်းရပ်ကြောင့် သေဆုံးသူ ၃-ဦးရှိပြီ ဖြစ်သည်။
အီရန်ပါလီမန်အား နောက်ထပ်ညွှန်ကြားချက် မထုတ်မပြန်မချင်း ယခုလကုန်ထိ ဆိုင်းငံ့ထားသည်။ ကျောင်းနှင့် တက္ကသိုလ်အားလုံး မတ်လ ၂ မှစတင်၍ နှစ်ကုန်အထိ ပိတ်ထားရသည်။လတ်တလောတွင် ကောလဟလနှင့် ယခုကဲ့သို့ ပါးစပ်သီအိုရီအမျိုးမျိုးတို့ ပျံနှံ့နေလင့်ကစား ဇီဝလက်နက် အမှန်ဖြစ်ကြောင်း တရားဝင်သက်သေပြနိုင်ခြင်း မရှိသေးကြောင်း ရုရှားအစိုးရ၏ နိုင်ငံတကာတွင် ဘာသာစကား ၆-မျိုးဖြင့် သတင်းဖြန့်ချီလျှက်ရှိသော Russia Today က ဆက်လက်ဖော်ပြသည်။
ယခုကဲ့သို့ ဇီဝလက်နက်မှန်းဆသီအိုရီများမှာ ရှေးယခင်ကလည်း အကြိမ်ကြိမ်ဖြစ်ဖူးသည်။ ပါးစပ်သီအိုရီမျှသာဖြစ်သည်လည်းရှိ သက်သေပြနိုင်သော်လည်း ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့သည်လည်း ရှိခဲ့ပါသည်။ လက်ရှိနိုင်ငံတကာအား ခြိမ်းခြောက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ဇီဝလက်နက်ဖြစ်ကြောင်း မှန်းဆသီအိုရီ ၅ မျိုးရှိနေသည်ဟု Daily Express က စုဆောင်းဖော်ပြပါသည်။ ၎င်းတို့အနက် ၁-မျိုးမှာ Covid-19 ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် တရုတ် ဟန်မျိုးနွယ် မျိုးရိုးဗီဇပါသူများအား ပစ်မှတ်ထားကူးစက်စေသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်သည်ဟူ၏။
ထိုသို့ဆိုလျှင် ယခုနောက်ဆုံးပေါ် ဇီဝလက်နက် ဗိုင်းရပ်စ်ဆိုသည်မှာ ယနေ့ခေတ်မီ ပုခုံးထမ်းဒုံးကျည်နှင့်မခြား အလိုရှိရာကို ချိန်ရွယ်သော့ချ ပစ်လွှတ်သည်နှင့် ပစ်မှတ်အား ထပ်ချပ်မကွာ မထိမချင်းလိုက်လံသည့် မစ်ဆိုင်းလ်နှင့် အတူတူဟု အံသြဖွယ် အဓိပ္ပါယ်ထွက်နေကြောင်း ပြောကြားခဲ့သည်။
Source-OungMarine #Myanmar_Online_News

0 comments:

Post a Comment