Friday, March 6, 2020

မန္တလေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအမျိုးသမီး ၁ ဦး သေဆုံး

Image may contain: tree, outdoor and text
မန္တလေးမြို့တွင် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး မတ်လ ၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သေဆုံးသွားပါတယ်။ အဆိုပါအမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စောင့်ကြည့်လူနာတစ်ဦး အဖြစ် ကန်တော်နဒီ ဆေးရုံကြီးတွင် စောင့်ကြည့် ကုသပေးနေတာဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးသည် မတ်လ ၄ ရက်က ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းရောဂါလက္ခဏာများ ခံစားရပြီး သတိကောင်းစွာမရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ခြင်းဖြစ်သည်။
"ဆုံးတာဟုတ်တယ်။ သံသယက သံသယပဲ။ ဆုံးတာက အင်္ဂါတွေ အကုန်မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ နှလုံးလည်း မကောင်းဘူး။ ဆီးချိုရယ်၊ သွေးတိုးရယ်ရှိတယ်။ လူကလည်း ဝတယ်" ဟု ဒေါက်တာခင်ကျော်က ပြောသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် COVID-19 သံသယလက္ခဏာများ တွေ့ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသပေးထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည့် အမျိုးသမီးဖြစ်သည်။
ဒါပေမဲ့ သူသေဆုံးတာဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဟုတ်မဟုတ်ဆိုတာကတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ယနေ့မတ်လ ၆ ရက်နေ့ ညနေတွင် အတိအကျသိရှိရမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Source-Rfa
>>Zawgyi<<
မန္တလေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအမျိုးသမီး ၁ ဦး သေဆုံး
Friday , March 6 , 2020
မန္တလေးမြို့တွင် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး မတ်လ ၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သေဆုံးသွားပါတယ်။ အဆိုပါအမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စောင့်ကြည့်လူနာတစ်ဦး အဖြစ် ကန်တော်နဒီ ဆေးရုံကြီးတွင် စောင့်ကြည့် ကုသပေးနေတာဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးသည် မတ်လ ၄ ရက်က ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းရောဂါလက္ခဏာများ ခံစားရပြီး သတိကောင်းစွာမရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ခြင်းဖြစ်သည်။
"ဆုံးတာဟုတ်တယ်။ သံသယက သံသယပဲ။ ဆုံးတာက အင်္ဂါတွေ အကုန်မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ နှလုံးလည်း မကောင်းဘူး။ ဆီးချိုရယ်၊ သွေးတိုးရယ်ရှိတယ်။ လူကလည်း ဝတယ်" ဟု ဒေါက်တာခင်ကျော်က ပြောသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် COVID-19 သံသယလက္ခဏာများ တွေ့ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသပေးထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည့် အမျိုးသမီးဖြစ်သည်။
ဒါပေမဲ့ သူသေဆုံးတာဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဟုတ် မဟုတ်ဆိုတာကတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ယနေ့မတ်လ ၆ ရက်နေ့ ညနေတွင် အတိအကျသိရှိရမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Source-Rfa

0 comments:

Post a Comment