ဖေ့စ်ဘွတ်ခ်၏ သခင်လား ကျေးကျွန်လား အမည်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင်တွေ့ရသည့် နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များ (ဓာတ်ပုံ − ထက်အာကာကျော်)
ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်တွင် ဆောင်ရန်၊ ရှောင်ရန် များ မကြာခဏ တွေ့ကြုံရလေ့ရှိ သည့် သတင်းဌာနအတုဖန်တီးမှု များ၊ တစ်ဦးချင်း၏ လုံခြုံရေးများ နှင့်ပတ်သက်၍ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်က ရန်ကုန် MICT တွင် ကျင်းပခဲ့သည်။ ဖေ့စ်ဘွတ်ခ်၏ ‘သခင်လား၊ ကျေးကျွန်လား’ ဟူသည့် ခေါင်းစဉ်ဖြင့် မြန်မာပြည်တွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ရှိ သုံးစွဲသူများနှင့် ဖေ့စ်ဘွတ်ခ်၏ အကျိုးသက်ရောက် မှုများကို နည်းပညာနယ်ပယ်ကျွမ်းကျင်ပညာရှင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးနှစ်ဦး၊ စီးပွားရေး ကျွမ်းကျင်သူများနှင့် အနုပညာရှင်တစ်ဦးတို့က ရန် ကုန်မြို့ မြန်မာအင်ဖိုတက်ခ်၌ သုံးနာရီကျော်ကြာ ဆွေးနွေးအကြံပြုချက်များ ပြုလုပ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ လူဦးရေ ခြောက်သန်းခန့် အသုံးပြု နေသော ဖေ့စ်ဘွတ်ခ်လူမှု ကွန် ရက်တွင် လက်ရှိရင်ဆိုင်နေရ သည့်စိန်ခေါ်မှုများ အပါအ၀င် နည်းပညာပိုင်းနှင့် ဥပဒေရှုထောင့် မှ ဆွေးနွေးမှု၊ အကြံပြုမှုများကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ တက်ရောက်သူပေါင်း နှစ်ရာ ကျော်ရှိခဲ့သည့် ယင်းဆွေးနွေးပွဲ တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုနှင့်ပတ်သက်၍ တက် ရောက်လာသူအချို့၏ မေးမြန်း ချက်များအပေါ် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ပြန်လည် ဖြေကြားအကြံပြုမှုများကို ဖော်ပြ လိုက်ပါသည်။
လောလောဆယ်အနေနဲ့ အထွေ ထွေရွေးကောက်ပွဲ ကာလဖြစ်နေ တော့ မေးခွန်းတစ်ခုမေးပါရစေ။ အ တိုက်အခံနဲ့အာဏာရတစ်ဖက် နဲ့တစ်ဖက် အပြိုင် Status တင်တဲ့ အခါ၊ တစ်ဖက်လူအပေါ်အသရေ ဖျက်တဲ့အခါ ရဲမှူးကြီးပြောသလို တိုင်ကြားတဲ့ အမှုတွေရှိတာသိရ ပါတယ်။ နှစ်ဖက်စလုံးကို အရေး ယူမှာလားဆိုတာ သိချင်ပါတယ်။ ဆိုလိုတာက ဘယ်စံနှုန်းနဲ့ချိန်ပြီး အရေးယူမလဲဆိုတာပါ။
ရဲမှူးကြီးမြင့်ထွေး (ရန်ကုန် တိုင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး) - အားလုံးသိတဲ့အတိုင်း ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်မှာလည်း နည်းဥပဒေ တွေထွက်ပါတယ်။ အမျိုးသား လွှတ်တော်မှာလည်း ထွက်ပါ တယ်။ တိုင်းဒေသကြီးမှာလည်း ထွက်ပါတယ်။ ထွက်တဲ့ဥပဒေ တွေမှာလည်း ပုဒ်မ ၅၇ ကနေ ၆၀ လောက်ထိရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲတပ်ဖွဲ့ကို တစ်ခုခု တိုင်ကြားလာရင် ဖုန်း၊ ကြေးနန်း၊ စာနဲ့အပြင် Facebook ကနေ လည်း တိုင်ကြားနိုင်ပါတယ်။တိုင်တန်းသူသည် မိမိတိုင်တန်းတဲ့ အချက်အလက်ကိုတော့ တာဝန် ယူရပါမယ်။ စစ်ဆေးဆောင်ရွက် တဲ့အပေါ်မူတည်ပြီး တရားစွဲအဖွဲ့ အစည်းက ဆက်လက်ဆောင် ရွက်ရပါတယ်။
Sex အကောင့်တွေမှာ မြန်မာ မိန်းကလေးပုံတွေကို ခွင့်ပြုချက် မရဘဲတင်ထားတာ ဘယ်လိုအရေးယူလို့ရပါသလဲ ။
ရဲမှူးကြီးမြင့်ထွေး - တိုင် ကြားချက်ရှိလာရင် အရေးယူရ ပါမယ်။ ပေါ်ပေါက်တဲ့အတိုင်း အကြံပြုချက်တင်ပြီး စွဲရမယ့် ပုဒ်မနဲ့တရားစွဲသွားပါမယ်။ ဆက် သွယ်ရေးဥပဒေအရ ပုဒ်မ၆၆(ဃ) နဲ့ အရေးယူသွားမှာဖြစ်ပါတယ်။ အဲဒီလို အသရေဖျက်တာတွေအ တွက် ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ အတွင်းက ရှစ်မှုအရေးယူ ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ခုနစ်မှု အရေးယူခဲ့ပါတယ်။ အရှေ့ပိုင်း ခရိုင်တစ်မှုနဲ့ အနောက်ပိုင်းခရိုင် ခြောက်မှု၊ လက်ရှိ လသာ တစ်မှုနဲ့ လှိုင် တစ်မှုကတော့ တရားစွဲနေ ဆဲပါ။ ကျန်တာက စစ်ဆေးဆဲဖြစ် ပါတယ်။ အမှုကို တိုင်တန်းတာနဲ့ စစ်ဆေးအရေးယူပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မူ Sex Chat တွေအပေါ်မှာ အရေး ယူတယ်ဆိုတာ သိရပါတယ်။ အ ရေးယူတဲ့အပြင် ဘယ်လို ကာ ကွယ်မူတွေရော ပြုလုပ်ပေးသင့် သလဲ။
ရဲမှူးကြီး ထွန်းနေဝင်း (မြန် မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် - ဆက် သွယ်ရေးနှင့် သတင်းအချက်နည်း ပညာဌာန ဌာနမှူး) - နည်းပညာနဲ့ ပတ်သက်ပြီး ကာကွယ်ပေးမှု အပိုင်းတွေက Facebook သုံးတဲ့ လူတွေအပေါ်မှာ အများကြီး မူ တည်ပါတယ်။ ကိုယ့်ရဲ့ Security အတွက်ကို ကိုယ့်ဟာကိုယ် တာ ဝန်ယူဖို့လိုပါတယ်။ ကိုယ့်ရဲ့ အကောင့်ကို မသိတဲ့လူတွေ လက်မခံတာ၊ Profile မမှန်တဲ့လူ တွေကို မထားတာမျိုး။ ဒါမျိုး Security နဲ့ ပတ်သက်တဲ့ အသိ ပညာတွေရှိရင် ပိုပြီးလုံခြုံမှု ရှိ နိုင်ပါတယ်။ နိုင်ငံတော်တော်များ များမှာတော့ ဒါကို ဥပဒေအနေနဲ့ ပြဋ္ဌာန်းထားပြီး ဝက်ဘ်ဆိုက်ပေါ် မှာ မှုခင်းမဖြစ်ခင် ကြိုတင်စောင့် ကြည့်တာမျိုးတွေ၊ စနစ်တွေလုပ် ထားကြပါတယ်။ ဒီမှာလည်း ကြို တင်ကာကွယ်မူတွေအတွက် ပြင် ဆင်နေတာရှိပါတယ် ။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မူတွေ ဖြစ် လာရင် ဘာတွေလုပ်သင့်သလဲ။
ဦးရဲသူရသက် (ဆိုက်ဘာ လုံခြုံရေးပညာရှင်)- တကယ်လို့ ကိုယ့်အကောင့်ကို Hack ခံရ တယ်ဆိုရင် အကောင့်ကို ပြန်ရဖို့ အတွက် Facebook ကို အ ကြောင်းကြားသင့်တယ်။ ချက် ချင်းတော့ ပြန်မရနိုင်ပါဘူး။ သူ တို့ဆီကို အဲဒီလို အကြောင်းကြား စာတွေက အများကြီးရောက်နေ တဲ့အတွက် ပြန်ရဖို့ အချိန်တစ်ခု တော့စောင့်ရနိုင်ပါတယ်။
အကောင့်တစ်ခုကို ဘယ်လို လုံ ခြုံအောင်သုံးသင့်သလဲ။
ဦးရဲသူရသက် - ဆိုက်ဘာ တိုက်ခိုက်မူတွေမှာ Facebookကို Hack လုပ်ရတာ ခက်တယ်။ Google ကို Hack လုပ်ရတာ ခက် တယ်။ အဲဒီတော့ အသုံးပြုသူတွေ ကို ပစ်မှတ်ထားလာကြတယ်။ အဲဒီတော့ သုံးစွဲသူတွေက လုံခြုံ အောင် ဘယ်လိုသုံးမလဲဆိုတာ သိပ်မသိရင် ခံရတာများပါတယ်။ ဆိုက်ဘာရာဇဝတ်မှုတွေက တစ် ဦးတစ်ယောက်ကို ပစ်မှတ်ထား လေ့ရှိတယ်။ Password ကို နှစ်ဆင့်ခံတဲ့နည်းနဲ့ သုံးသင့်တယ်။ အဲဒီလိုသုံးခြင်းကြောင့် Hack ရ တာတော်တော်လေးခက်တယ်။
အိုင်တီနည်းပညာ သုံးနေတဲ့လူ တွေကို အစိုးရက စောင့်ကြည့်မှု တွေ လုပ်တာတွေရှိတယ်လို့ စစ် တမ်းတွေရှိတယ်။ အဲဒါကို ဘယ် လိုကာကွယ်မှု လုပ်နိုင်သလဲ။ အွန်လိုင်းလောင်းကစားတွေက ကျွန်တော်တို့နိုင်ငံတွေမှာ တရား ဝင်ခွင့်ပြုနေပြီလား။ ဘောလုံးဂျာ နယ်တွေမှာလည်း အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်တွေ ကို တရားဝင်ကြော်ငြာပေးနေတာ တွေ့ရတယ်။
ဦးရဲသူရသက် - များသော အားဖြင့် အဲဒီလိုစောင့်ကြည့်မှုနဲ့ ပတ်သက်ပြီး ဘာကိုခွင့်ပြုသလဲ ဆိုတော့ ဒီလူတစ်ယောက် ဒီဖုန်း နံပါတ်ကို ဘယ်အချိန်မှာ ခေါ် တယ်ဆိုတာ ခွင့်ပြုတယ်။ ဖုန်းထဲ မှာ ဘာတွေပြောတယ်ဆိုတာ ခွင့် မပြုဘူး။ ဘယ်အချိန်မှာ ဒီဝက်ဘ် ဆိုက်ကိုဝင်ကြည့်လဲဆိုတာခွင့်ပြု တယ်။ ဘာတွေကြည်ခဲ့တယ်ဆို တာ ခွင့်မပြုဘူး။ နိုင်ငံတစ်ခုနဲ့ တစ်ခုကွာကြတယ်။ အများအား ဖြင့်ပုံမှန်က ရာဇဝတ်မှုပြုလုပ်တဲ့ လူနဲ့ပတ်သက်ပြီး တရားသူကြီးက ခွင့်ပြုတယ်ဆိုရင် အဲဒီလူရဲ့ ဆောင်ရွက်မှု အကုန်လုံးကို နား ထောင်ခွင့်ရှိတယ်။ ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ကုမ္ပဏီတွေ အကုန်လုံး ပါဝင် ရမယ်။ Facebook တို့ဆိုရင် လည်း နိုင်ငံတော်လုံခြုံရေးအ တွက်ဆိုရင် အချက်အလက်တွေ ကို အတိုင်းအတာတစ်ခုထိကြည့် ခွင့်ပေးပါတယ်။ ကိုယ်က ဘယ် လိုကာကွယ်လို့ရလဲ ဆိုတော့ https://ကိုသုံးလို့ရတယ်။အဲဒီလို ဆိုရင် ကိုယ်ဘယ်နေရာကနေ ဘယ်ကိုသွားတယ်ဆိုတာပဲ သိ တယ်။ ဘာတွေကြည့်လဲ၊ဘာတွေ ဖတ်လဲဆိုတာ မသိဘူး။ အတိုင်း အတာ တစ်ခုအထိ ကာကွယ်လို့ရ တယ်။
7Day Daily
0 comments:
Post a Comment