Sunday, October 11, 2015

အသက်၂၀ ကျော်အရွယ်မှာ တည်ကြည်လေးနက်တဲ့ ချစ်သူစုံတွဲဘဝ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ


အသက် ၂၀ ကျော် အရွယ်ရောက်နေချိန် ကာလမှာ သေချာခိုင်မာတဲ့ ချစ်သူဘဝတစ်ခု ပိုင်ဆိုင်ထားတာ အထူးအခွင့်ရေးများလို့ ဆိုချင်ပါတယ်။ ဒီလို အပျော်ဖက် မဟုတ်ဘဲ တည်ကြည်လေးနက်တဲ့ ချစ်သူစုံတွဲဘဝတစ်ခု ထားရှိခြင်းရဲ့ ကောင်းကျိုး (၁၀) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့(၁) သင့်နဂိုဖြစ်တည်မှုကြောင့်ပဲ သင့်ကို ချစ်ခင်သူကို သင်ရရှိပိုင်ဆိုင်ထားပါတယ်။

(၂) သင့်ရဲ့ကြီးထွားဖွံ့ဖြိုးမှု ကာလတလျှောက် သင့်အား သိရှိသူကို တွေ့ရှိခဲ့ခြင်းပါပဲ။

(၃) မိသားစုဆီမှ ချစ်သူချင်းချိန်းတွေ့ဆုံခြင်းနဲ့ ပတ်သက်လို့ ဖိအားလျော့နည်းသွားပါပြီ။

(၄) အကောင်းဆုံးမိတ်ဆွေ၊ ချစ်သူနဲ့ လူယုံတစ်ဦး ရရှိပိုင်ဆိုင်ထားခြင်းလို့လည်း ဆိုနိုင်ပါတယ်။

(၅) ဘဝအခက်အခဲများ အတူတကွ ရင်ဆိုင်ဖြေရှင်းကာ တစ်ဦးကို တစ်ဦး ဆန်းသစ်တဲ့အရာတွေ သင်ကြားပေးနိုင်ကြတယ်။

(၆) တစ်ဦးချင်း အားနည်းချက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်တော့ဘဲ မိမိကိုယ်မိမိ ပိုမိုကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းတွေ ဖြစ်လာစေတယ်။

(၇) မိတ်ဆွေသူငယ်ချင်းတွေ အပြင်ထွက်ခြင်းနဲ့ နိုင်ငံခြားသို့ ပညာသင်သွားရောက်ခြင်း စတာတွေမှာ တစ်ကိုယ်ရေ တစ်ကာယသမားတစ်ဦး ကဲ့သို့ လွှတ်လပ်မှုရရှိတယ်။

(၈) မိသားစုတွေ့ဆုံပွဲတွေမှာ တစ်ယောက်တည်း မသွားရတော့ပါဘူး။

(၉) ဟန်ဆောင်၊ ဖုံးဖိတာတွေ ဘာမှမရှိဘူး။ မိမိလက်တွဲ ဖော်နဲ့ ၁၀၀% လွတ်လွတ်လပ်လပ်နေနိုင်တယ်။

(၁၀) မိမိရဲ့မိတ်ဆွေ အိမ်ထောင်ဖက် မရှိသူတွေနဲ့အတူ သင်တို့အတွဲ ဘယ်လိုလိုက်ဖက်တဲ့အကြောင်းနဲ့ သင့်လက်တွဲဖော်မျိုးနဲ့ ဘယ်လိုတွေ့စုံတဲ့အကြောင်း ပြောတဲ့အခါ သင့်ကိုသင် ကံကောင်းကြောင်း ခံစားရမှာဖြစ်ပါတယ်။

Ref: Popsugar
Trend Myanmar

0 comments:

Post a Comment