Thursday, October 1, 2015

ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်စည်းရုံးသည့် အထူးရဲတစ်ဦးကို တာဝန်မှ ရုပ်သိမ်း

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၏ အမှတ်တံဆိပ် စတစ်ကာများ လိုက်လံကပ်ခဲ့ပြီး ပါတီအ တွက် မဲဆွယ်စည်းရုံးခဲ့သည့် အ ထူးရဲတပ်ဖွဲ့ဝင်တစ်ဦးကို တာ ၀န်မှ ရုပ်သိမ်းလိုက်ကြောင်း ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လွင် မောင်သိန်းက အောက်တိုဘာ ၁ ရက်၌ ပြောကြား သည်။စက်တင်ဘာ ၂၈ ရက်က ဖျာပုံမြို့နယ် လက်ပံကျေးရွာအုပ်စု ထီးတန်းကျေးရွာတွင် နေထိုင်သည့် အထူးရဲတပ်ဖွဲ့ဝင် ဦးအေး ထွေး အသက် (၄၂) နှစ်သည် ပြည်ခိုင်ဖြိုးပါတီ အမှတ်တံဆိပ်ပါစတစ်ကာများကို ၎င်းနေထိုင်ရာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် လိုက်လံကပ်ခဲ့သည်မှာ မှန်ကန်ကြောင်း စုံစမ်းသိရှိရသဖြင့် အထူးရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဖြစ်စဉ်မှန်၊ မမှန်စိစစ်တော့ မှန်နေတယ်။ သူ့ကိုတော့ အထူးရဲ ကပယ်ဖျက်ဖို့ အထက်ကို တင် လိုက်တယ်။ ဘက်မလိုက်တဲ့လူ၊ သမာသမတ် ကျတဲ့လူကို ကျွန် တော်တို့က အထူးရဲအဖြစ် ခန့် တာလေ၊ သူ့နေရာမှာလည်း အစား ထိုးခန့်ထားဖို့ စီစဉ်ထားတယ်။ အထက်ကလည်း ဒါကို ပယ်ဖျက်ဖို့နဲ့ အစားထိုးခန့်ထားဖို့ ခွင့်ပြုညွှန်ကြားထားပါတယ်’’ဟု ဒုရဲမှူးကြီး လွင်မောင်သိန်းက ပြောပြသည်။

အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးအ နေဖြင့် ယင်းကဲ့သို့ မဲဆွယ်စည်းရုံး ခြင်းသည် လာမည့် နိုဝင်ဘာလ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို ထိခိုက်နိုင်သော ကြောင့် ဖျာပုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံ စာဖြင့် တရားဝင်အကြောင်းကြား ခဲ့ကြောင်း ဒီချုပ်ပါတီမှ ဧရာဝတီ တိုင်းဒေသကြီး အမှတ် (၁၀) မဲ ဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်း ဆွေက ပြောသည်။

‘‘ဒီလိုဆောင်ရွက်တာဟာ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း တွေကိုလည်း ချိုးဖောက်တာ၊ အ ထူးရဲတစ်ယောက်အနေနဲ့ စောင့် ထိန်းရမယ့် တရားတွေ၊ သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို ဖြစ်ပေါ်ဖို့ ဆောင်ရွက်နေချိန်မှာ အထူးရဲတစ်ယောက်က ပါတီကြီး တစ်ခုကို ဘက်လိုက်ပြီးဆောင် ရွက်နေတာဟာ နောင်မှာ သံသယတွေဖြစ်လာမယ်။ ဒါကြောင့် သက် ဆိုင်ရာတွေကို အကြောင်းကြားခဲ့ တာ’’ ဟု ဦးသိမ်းဆွေက ပြောကြားသည်။

မဲဆွယ်စည်းရုံးရေး ကာလ တွင် ပြည်ခိုင်ဖြိုးပါတီမှလွဲ၍ အ ခြား နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးရာ၌ ရဲတပ်ဖွဲ့၏ လက် အောက်တွင် တာဝန်ယူနေသော သတင်းတပ်ဖွဲ့နှင့် စစ်ဘက်ရေး ရာ လုံခြုံရေးတပ်ဖွဲ့တို့က နိုင်ငံရေးပါတီအသီးသီးနောက်သို့ လိုက်ပါ သတင်းရယူမှုများရှိသည်။

‘‘ကျေးလက်နေ ပြည်သူလူ ထုက ရိုးသားကြတယ်။ ဒီလိုယူနီ ဖောင်းဝတ်တဲ့သူတွေ အနောက် က တစ်ကောက်ကောက်လိုက် လာပြီဆိုရင် သူတို့လာနားထောင် ရမှာ ကြောက်ကြတယ်။ အထူးသ ဖြင့် ကျေးရွာတွေမှာပေါ့။ ဒီလိုရဲ တပ်ဖွဲ့ကဖြစ်ဖြစ်၊ စရဖကဖြစ်ဖြစ် ပါလာရင် သူတို့ကိုမှတ်ပြီး ဖမ်းမ လားဆိုပြီး ကြောက်ကြတယ်။ ဒါ ကြောင့် ကျွန်တော်တို့က သူတို့ကို မေတ္တာရပ်ခံရတယ်။ မှတ်တမ်းယူ ပါ။ ပြီးရင်တော့ အခမ်းအနားလုပ် တဲ့နေရာနဲ့ ဝေးတဲ့နေရာက စောင့် ပေးပါလို့ မေတ္တာရပ်ခံရတယ်’’ဟု ဦးသိမ်းဆွေက ဆက်လက်ပြောပြသည်။

7Day Daily

0 comments:

Post a Comment