Thursday, October 1, 2015

ဗီဒီယိုအကြိုခံစားခြင်း - လောကကို ဘောင်ခတ်ကြသူများ


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ ဘဝအကြောင်းကို ပုံဖော် ထားတဲ့ ဇာတ်ကားလေးတစ်ကား အကြောင်း ညွှန်းပေးလိုက်ပါ တယ်။

တာရာက လမ်းပေါ်မှာ လေ လွင့်နေသူတစ်ဦးပါ။ တစ်ရက်မှာ တော့ ပိုင်ရှင်မရှိတဲ့ ကွပ်ပျစ်တစ် ခုမှာ သူအိပ်နေတုန်း လူတစ် ယောက်က သူ့ကို အဲဒီနေရာက နေထဖို့ လာပြောခဲ့ပါတယ်။ နောက်ပြီး အဲဒီလူက တာရာအိပ် နေတဲ့နေရာက သူအိပ်နေကျနေ ရာလို့ပြောခဲ့ပါတယ်။ တာရာက လည်း လွယ်လွယ်နဲ့ ဖယ်မပေးခဲ့ ပါဘူး။ အဲဒါကြောင့် မျှမျှတတ ဖြစ်အောင်ဆိုပြီး အဲဒီလူကြီးက တာရာနဲ့သူ ဘယ်သူပိုပျင်းသလဲဆို တဲ့ အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာ တာရာအနိုင် ရခဲ့တာကြောင့် အဲဒီနေရာမှာ ဆက်ပြီးအိပ်ခွင့်ရခဲ့ပါတယ်။ ဒါ ပေမဲ့ နောက်တစ်နေ့မနက်မှာ တော့ သူတို့အိပ်နေတဲ့ပုံတွေက ပတ်ဝန်းကျင်မှာ အမြင်မတော် တာကြောင့် သူတို့အေးအေးဆေး ဆေးနေလို့ရမယ့် နေရာတစ်နေ ရာကိုရှာခဲ့ပါတယ်။ အဲဒီမှာပဲ သူ နဲ့မသိတဲ့လူကြီးက တာရာ့ကို သူ့ အသိအိမ်ဆိုပြီး တစ်နေရာကိုခေါ် သွားခဲ့ပါတယ်။

တာရာက ဘဝမှာ ပြည့်ပြည့် စုံစုံနဲ့ နေချင်သူတစ်ယောက်ပါ။ သူတို့ပြောင်းလာတဲ့အိမ်ကြီးမှာ နေနေတဲ့အချိန်မှာပဲ တာရာတို့ ဘဝက အရင်ထက်စာရင် ပြည့်စုံလာခဲ့ပါတယ်။ အဲဒီမှာပဲ ကနုတ်မေနဲ့ ပြန်တွေ့ခဲ့ပါတယ်။ တကယ်တော့ တာရာက ဆေးကျောင်း နောက်ဆုံးနှစ်မှာ မိဘတွေဆုံးသွားတာကြောင့် ကျောင်းထွက်လိုက်ရတဲ့သူတစ်ယောက်ပါ။ ကနုတ်မေကတော့ ကျောင်းတက်တဲ့အချိန်က သူကြိုက်ခဲ့တဲ့ကောင်မလေးပါ။ ကနုတ်မေကို ပြန်ပြီးတွေ့လိုက်တဲ့အချိန်မှာ တာရာပိုပြီး ကြီးပွားချင်လာခဲ့ပါတယ်။

အဲဒါကြောင့် တာရာ ဆေးကျောင်းပြန်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးကျောင်းမပြီးမချင်း ကနုတ်မေကို မတွေ့ပါဘူးလို့ ကတိပေးထားရပါတယ်။ တာရာ တကယ်ဆရာဝန်ဖြစ်တဲ့အချိန်မှာတော့ ကနုတ်မေက စင်ကာပူမှာ ကျောင်းသွားတက်နေပါပြီ။ အဲဒါကြောင့် တာရာနဲ့ ကနုတ်မေတို့ ဆက်ပြီး အနေဝေးနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ တာရာ့ရဲ့ ဆေးခန်းမှာ အလုပ်လုပ်တဲ့ သူနာပြုဆရာမလေးက တာရာ့ကို တစ်ဖက်သတ်သဘောကျနေခဲ့ပါတယ်။ တာရာကတော့ အဲဒါကိုလည်း မသိပါဘူး။ အဲဒီကောင်မလေးရဲ့ နာမည်ကတော့ ယွန်း သက်ဝေပါ။

ကနုတ်မေနဲ့ ယွန်းသက်ဝေတို့နှစ်ယောက်ကြားမှာ တာရာ ဘာတွေဆက်ဖြစ်ဦးမလဲ။ တာရာကကော အဲဒီနှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမယ့် လောကကို ဘောင်ခတ်ကြသူများ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ တာရာအဖြစ် မြင့်မြတ်၊ ကနုတ်မေအဖြစ် ပိုင်ဖြိုးသုနဲ့ ယွန်းသက်ဝေအဖြစ် ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗျူးရဲ့ ဇာတ်လမ်းကို ထက်မြက်နိုင်ဇင် ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment