Thursday, October 1, 2015

NCA လက်မှတ်မထိုးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲနှင့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းရေးဆွဲရာတွင် ပါဝင်နိုင်ရေး ကြိုးပမ်းမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်

တစ်နိုင်ငံလုံးအပစ်အ ခတ် ရပ်စဲရေးစာချုပ် (NCA)တွင်တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ အားလုံး အတူပါဝင်လက်မှတ် မရေးထိုးနိုင်သေးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရေးအစရှိသည့် လုပ်ငန်းစဉ်အားလုံး၌ အတူပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဟုအဆိုပါ အဖွဲ့များက စက်တင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

‘‘နိုင်ငံရေး၊ စစ်ရေးအခြေအ နေအမျိုးမျိုးကြောင့် လက်ရှိအနေ အထားတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ အားလုံးအနေဖြင့် အတူတကွ လက်မှတ်ရေးထိုးနိုင် ခြင်း မရှိသေးသော်လည်း နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရေး၊ နှစ်ဖက်လိုက်နာရ မည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲရေး၊ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ဖွဲ့ စည်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ များ ကျင်းပနိုင်ရေး စသည့်လုပ် ငန်းစဉ်များအားလုံးတွင် အတူ တကွ ပါဝင်နိုင်ရေးအတွက် ထိပ် သီးခေါင်းဆောင်များ အစည်းအ ဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက ဆက်လက်ကြိုးပမ်း သွားကြရန် နားလည်မှုတည် ဆောက်နိုင်ခဲ့ကြပါသည်’’ဟူ၍ ကြေညာချက်၌ ဖော်ပြထားသည်။

ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တူညီသော နိုင်ငံရေး ရည်မှန်းချက်များရှိသော်လည်း မတူညီသည့်ချဉ်းကပ်မှုနည်းနာ များ ရှိနေကြောင်း ဖော်ပြထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီး၏ ချဉ်းကပ်မှု နည်းနာပေါင်းစုံဖြင့် ဒီမိုကရက် တစ်ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဍအသီးသီးမှ ဆက်လက်တိုက်ပွဲဝင်ကြမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းထိပ်သီးအစည်းအဝေး ပွဲ၌ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ် ၇၁ ဦး၊ အမျိုးသမီးအဖွဲ့အစည်း ၁၃ ခုကို ကိုယ်စားပြုသည့် Women League of Burma (WLB) နှင့် Peace-talk Creation Group (PCG) တို့မှ လေ့လာသူခြောက် ဦး တက်ရောက်ခဲ့သည်။ NCA ကို လတ်တလောအခြေအနေတွင် လက်မှတ်ရေးထိုးရေးနှင့် ပတ် သက်၍ တိုင်းရင်းသားနယ်မြေ အသီးသီး၏ လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေများအပေါ် တစ် ဖွဲ့ချင်း လက်တွေ့ကျကျ အ ကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို အလေး ထားညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့ရှိ တိုက်ပွဲများနှင့် စစ် ရေးတင်းမာမှုများကို ထောက်ပြ ပြီး ယင်းဖြစ်ရပ်တို့သည် NCA နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ် မြောက်ရေးတို့အတွက် အဓိကအဟန့်အတားဖြစ်၍ အထူးစိုးရိမ်ကြောင်း အလေးထား ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုး ပြု ကရင့်တပ်မတော် (DKBA)၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ က NCAလက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

7Day Daily

0 comments:

Post a Comment