Thursday, October 1, 2015

ရော်နယ်ဒို သွင်းဂိုး ၅၀၁ ဂိုးဖြင့် ကစားသမား စံချိန်သစ်တင်


မယ်လ်မိုကို ချန်ပီယံ လိဂ်အုပ်စုပွဲတွင် နှစ်ဂိုးသွင်းခဲ့ သော တိုက်စစ်မှူး ရော်နယ်ဒို သည် ရီးရဲလ်မက်ဒရစ်အတွက် ရာအူးလ်၏ ဂိုးသွင်းစံချိန် ၃၂၃ ဂိုး ကို မီခဲ့ပြီး ကစားသမားဘဝစံချိန် သွင်းဂိုး ၅၀၀ ကျော်လွန်ကာ ၅၀၁ ဂိုး ရရှိသွားသည်။ရော်နယ်ဒိုသည် ထိုပွဲတွင် တစ်ဂိုးသာသွင်းခဲ့ပါကလည်း ကစားသမားဘဝစံချိန်သစ် ဂိုး ၅၀၀ ရရှိမည်ဖြစ်ပြီး နှစ်ဂိုးသွင်း ခဲ့သောကြောင့် ရာအူးလ်၏ ရီးရဲလ်တွင် ခေတ်အားလုံး၌ သွင်း ဂိုးအများဆုံးစံချိန်ပါ လိုက်မီနိုင် ခဲ့ခြင်းဖြစ်သည်။

‘‘အသင်းက ပွဲကိုနိုင်ခဲ့တာ ကတော့ အရေးအကြီးဆုံးဖြစ်ပါ တယ်။ ဒါပေမဲ့ စံချိန်တွေ ချိုးဖျက် နိုင်ခဲ့လို့ ပျော်ရတယ်လို့ပြောချင် ပါတယ်။ ရီးရဲလ်လိုသမိုင်းမှာ အကြီးကျယ်ဆုံးကလပ်မှာ သွင်း ဂိုးအများဆုံး စံချိန်ရှင်ဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။ တကယ့် အချိန်ကောင်းကြီးပါပဲ’’ ဟု ရော် နယ်ဒိုကပြောသည်။

ရော်နယ်ဒိုသည် ပရော်ဖက် ရှင်နယ်ကစားသမားဘဝ ငါးဂိုး ကို စပို့စ်တင်းကလပ်တွင် ကစား စဉ်ရခဲ့ပြီး နောက်ထပ် ၁၁၈ ဂိုးကို မန်ယူတွင်ရခဲ့ကာ ပေါ်တူဂီလက် ရွေးစင်အတွက် ၅၅ ဂိုးနှင့် ရီးရဲလ် တွင် ၃၂၃ ဂိုးရခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုသည် ရီးရဲလ်တွင် ရာအူးလ်၏စံချိန်ကို မီပြီးနောက် နောက်ထပ်တစ်ဂိုးသွင်းလျှင်ပင် စံချိန်သစ်ရမည်ဖြစ်သလို ကစား သမားဘဝ ကုန်ဆုံးချိန်အထိ ရီးရဲလ်၌ကစားပြီး ဂိုးများဆက် သွင်းနိုင်ပါက ၎င်း၏စံချိန်ကို ချိုး နိုင်သည့် ကစားသမားကို အနာ ဂတ်တွင် အချိန်အတန်ကြာ စောင့်ဆိုင်းရမည်ဖြစ်သည်။  
UEFA
7Day Daily

0 comments:

Post a Comment