Thursday, August 30, 2018

နာဂခေါင်းဆောင်မှု အပြောင်းအလဲ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းလား


နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ခပလန် (NSCN-K) အတွင်း မကြာသေးမီက ခေါင်းဆောင်မှု အပြောင်းအလဲကြောင့် လူအများအံ့သြခဲ့ကြပြီး မီဒီယာများ၊ အထူးသဖြင့် အိန္ဒိယမီဒီယာများ အနေဖြင့် ဖြစ်ရပ်နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို အပြင်းအထန် ခန့်မှန်းမှုများ ဖြစ်စေခဲ့သည်။

လှေစီးဒုက္ခသည် ၁၂ ဦး ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ် အစိုးရ အကြောင်းမပြန်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေတွင် တွေ့ရှိသော လှေစီးဒုက္ခသည် ၁၀၀ ကျော်ထဲတွင် ပါဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးကို ပြန်လည်လွှဲပြောင်းယူရေး ကိစ္စ တင်ပြထားသော်လည်း တုန့်ပြန်မှု မရှိသေးကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။

TNLA ၏ လုပ်ရပ်သည် ရှမ်းနှင့် တအာင်းပလောင် ကြား စည်းလုံး ယုံကြည်မှုကို ပျက်ပြားစေသည်ဟုဆို

နမ့်ခမ်းမြို့တွင် နေထိုင်သည့် မနန်းမိုဟွမ် အား ဖမ်းဆီခေါ်ဆာင် သွားသော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၏ လုပ်ရပ်သည် ရှမ်းနှင့် တအာင်းပလောင် လူမျိုးနှစ်ခုကြား စည်းလုံး ယုံကြည်မှုကို ပျက်ပြားစေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ယက်မှ သြဂုတ်လ ၂၈ ရက်၊ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။

ဗင်နီဇွဲလားမှ ရွှေ့ပြောင်းများ အလုံးအရင်းဝင်ရောက်ချိန်တွင် ဘရာဇီးအစိုးရကနယ်စပ်သို့ စစ်တပ်စေလွှတ်၍ လုံခြုံရေးတင်းကျပ်


အကျပ်အတည်းဖြစ်နေသော ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်နေချိန်တွင် ဥပဒေစိုးမိုးမှု အာမခံချက်ရှိစေရန်အတွက် ဗင်နီဇွဲလားနယ်စပ်သို့ ဘရာဇီးစစ်တပ် စေလွှတ်ထားကြောင်း ဘရာဇီးအစိုးရ၏ ထုတ်ပြန်မှုကိုကိုးကား၍ BBC က ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရက်ပိုင်းအတွင်း မဲဆွယ်ခွင့်ရမည်

လစ်လပ် မဲဆန္ဒနယ်မြေများအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနှင့် စက်တင်ဘာလ ၃ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၁၅ နှစ် နှစ်ရှည်အိမ်ရာချေးငွေ CHID ဘဏ် စတင်ထုတ်ချေး

တစ်နိုင်ငံလုံးရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာဝယ်ယူမည့်သူများကို ၁၅ နှစ် သက်တမ်းရှိ အိမ်ရာချေးငွေများ စတင်ထုတ်ချေးထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ် (CHID) ထံမှ သိရသည်။

Wednesday, August 29, 2018

တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းဖြစ်ဟု ဆို


အစိုးရဌာန အသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ၂၀၁၈ခုနှစ် ဇန်န၀ါရီလအထိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်စသည်ဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းရှိကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သြဂုတ် ၂၉ ရက်တွင်ပြောကြားသည်။

တပ်ကုန်း အလုပ်သင်ရှေ့နေအမျိုးသမီးအားသတ်သည့် ခင်ပွန်းဟောင်းကို ဖမ်းမိ


နေပြည်တော် တပ်ကုန်းမြို့နယ်မှာ အလုပ်သင်ရှေ့နေအမျိုးသမီးအား သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူကို ဖမ်းဆီးမိခဲ့တယ်လို့ တပ်ကုန်းရဲစခန်းက သြဂုတ် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို တပ်မတော် အပြည့်အ၀ကူညီမည်


ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို တပ်မတော်အနေနဲ့  အပြည့်အဝကူညီဖို့ အသင့်ရှိတယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

တာချီလိတ် ရွှေဆိုင် သေနတ်ကိုင် အနုကြမ်းစီးသူကို ဖမ်းမိ


တာချီလိတ်မြို့လယ်မှာ ရွှေဆိုင်အနုကြမ်းစီးပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သူအား သံလွှင်မြစ်ကူးတံတားအနီး တာကော် ၂ မိုင်မှာ သြဂုတ် ၂၉ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

သုံးခွမြို့နယ်ပင်လယ်ပြင်တွင်ရောက်ရှိနေသည့် ပိုင်ရှင်မဲ့ကုန်တင်သင်္ဘောကြီးကို အာဏာပိုင်များ အနီးကပ်စောင့်နေ


ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နယ်နှင့်ထိစပ်လျှက်ရှိသည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက်တွင် ပြည်ပနိုင်ငံတစ်ခု၏ ပိုင်ရှင်မဲ့ကုန်တင်သင်္ဘောကြီးရောက်ရှိနေမှုနှင့်ပတ်သက်၍ တပ်မတော်၊ရဲတပ်ဖွဲ့နှင့်အထွေထွေအုပ်ချုပ်ရေးအ ဖွဲ့များက အနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သုံးခွမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးနေ၀င်းက ပြောကြားသည်။

ဆွာတမံကျိုးပေါက်၍ ရန်ကုန် - မန္တလေး အဝေးပြေးယာဉ်လိုင်းနှင့် ရထားခရီးစဉ်များ ၈ နာရီခန့်ပိတ်၊ ကားလက်မှတ်များ ပြန်အမ်း


ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံအတွင်းပိုင်း ပြိုကျခြင်းကြောင့် ရန်ကုန်-မန္တလေးကားလမ်းနှင့် ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး အသွားအပြန်အဝေးပြေးယာဉ်လိုင်းများနှင့် ရထားများ ဩဂုတ်လ ၂၉ ရက်က ယာယီရပ်နားခဲ့ကြောင်း အဆိုပါ ဌာနများထံမှ သိရသည်။

မြစ်သာမြစ်ကမ်းပါးပြို၍ အိမ်ခြေ ၆၀ ကျော် ပြောင်းရွှေ့ရဖွယ်ရှိ


မြစ်သာမြစ် ကမ်းပါးဆက်တိုက်ပြိုကျနေခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ အိမ်ခြေ ၆၀ ကျော်မှ လူပေါင်း ၂၅၀ ကျော်သည် ရွှေ့ပြောင်းရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း တောင်ဦးကျေးရွာတာဝန်ခံ ဦးကျော်ကျော်လင်းက ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာတစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချ

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ခုနစ် ဘီလီယံကျော်မှ တစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကို ယနေ့ ကျင်းပမည်


၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲပွဲကို ယနေ့ည မြန်မာစံတော်ချိန် ည(၁၀း၃၀) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံသား တစ်ဦးအား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဂျပန်နိုင်ငံ ကူအိုကာခရိုင်၊ ဖူကူအိုကာမြို့တွင် မစ္စတာ ယူးတာကာအာဆို အား မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က ခန့်အပ်ခဲ့ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သရုပ်​​ဆောင် အောင်ရဲထွေး အသတ်ခံရသည့်​အမှု ရုပ်သိမ်းထားခြင်းကို အတည်ပြုသင့် မပြုသင့် ရန်​ကုန်​တိုင်း​ဒေသကြီး တိုင်းတရားလွှတ်​​တော်​တွင်​ နှစ်ဖက်လျှောက်လဲချက် ကြားနာ


သရုပ်ဆောင်​ အောင်ရဲထွေး အသတ်ခံရသည့်​အမှု ရုပ်သိမ်းထားခြင်းကို အတည်ပြုသင့် မပြုသင့်ကို သြဂုတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင်​ နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့​ကြောင်း သိရသည်​။

ဒေါ်အောင်ဆန်းစုကြည်ထံက နိုဘယ်လ်ဆု ပြန်ရုပ်သိမ်းရန် အကြောင်းမရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းရန် အကြောင်း တစ်စုံတရာ မရှိပါဘူးလို့ နိုဘယ်လ်ဆုကော်မတီက ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

နယ်စပ်ခြံစည်းရိုးမှာ နေသူတွေကို ဘင်္ဂလားဒေ့ရှ် ထောက်ပံ့နေ


ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်မှာ နေထိုင်လျက်ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာနဲ့ တခြားအကူအညီတွေ ထောက်ပံ့နေတယ်လို့ သိရပါတယ်။

ရေကြီးပြီး နိမ့်ကျသွားသည့် ဆွာချောင်း တံတားအတွက် ယာယီဘေလီတံတား စထိုး


ဆွာချောင်းရေကြီးပြီး နိမ့်ကျသွားတဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်းရှိ  ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတား စထိုးနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

ဆွာရေလှောင်တမံကျိုး၍ လူခြောက်သောင်းကျော် အရေးပေါ်ရွှေ့ပြောင်းရ သြဂုတ် ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် တမံကြံ့ခိုင်မှုကောင်းပြီး စိုးရိမ်ဖွယ်မရှိဟုထုတ်ပြန်ပြီး နောက်တစ်နေ့တွင် တမံကျိုးခြင်းအပေါ် ဝေဖန်မှုမြင့်တက်


ဒေသခံလူထုကို ကြို တင်သတိမပေးနိုင်ခဲ့သော ဆွာ ချောင်းရေလှောင်တမံကျိုးသော ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သုံးဦးပျောက်ဆုံးနေ ကာ ခြောက်သောင်းကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ ပြောင်းထားရသည်။

ဧရာဝတီတံတား (မကွေး)မှ သံတိုင်များလှုပ်ခါခြင်း မူမမှန်သည့်လေတိုက်နှုန်းကြောင့်ဟုဆို


မကွေးနှင့် မင်းဘူးမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား၏ သံတိုင်များ လှုပ်ခါနေမှုဖြစ်ပွားခြင်းသည် မူမမှန်သည့် လေတိုက်နှုန်းကြောင့်ဖြစ်ကြောင်း လမ်းဦးစီးဌာနက ထုတ်ပြန်သည်။

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ထားရန်ညွှန်ကြား


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အအုံဆောက် လုပ်နေမှုများကို ရပ်ဆိုင်းထားရန် ညွန်ကြားထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

လေယာဉ်ပုံစံငယ်များ တည်ဆောက်ပျံသန်းခြင်း ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပမည်


မြန်မာနိုင်ငံတွင် လေကြောင်းအားကစားထွန်းကားရန် လေယာဉ်ငယ်များ တည်ဆောက်ပျံသန်းခြင်း ပြပွဲနှင့်ပြိုင်ပွဲကို ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်း (MAHA) အသင်းထံမှ သိရသည်။

တပ်ဘက်ဆိုင်ရာ ဖေ့စ်ဘုတ်အကောင့်များ ပိတ်ခံရမှု အစိုးရ ထိရောက်စွာ တုံ့ပြန်ရန်လို ဟုဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook စာမျက်နှာ အပါအဝင် တပ်မတော်ဆိုင်ရာအကောင့်များ ပိတ်ပင်ခံရမှုအပေါ် အစိုးရ၏တုံ့ပြန်ချက်မှာ ထိရောက်မှုရှိရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ် ပြုလုပ်ဖို့ ရုရှား စီစဉ်


စစ်အေးခေတ်ကာလအလွန် အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှုတွေကို လာမယ့်လမှာ ရုရှားတို့ ကျင်းပသွားဖို့ ရှိနေပြီး ယင်းရဲ့ စစ်ရေးအင်အားကို ထုတ်ပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Facebook ၊ Google နဲ့ Twitter တို့ သတိထားနေကြဖို့ ဒေါ်နယ်ထရမ့် သတိပေး


နည်းပညာကုမ္ပဏီကြီး Google အနေနဲ့ ၎င်းနဲ့ ၎င်းအား ထောက်ခံသူတွေအပေါ်မှာ မမျှမတ ဘက်လိုက်ဖိနှိပ်ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ပြောကြားလိုက်ရင်းနဲ့ ပြည်တွင်းအင်တာနက်ကုမ္ပဏီကြီးတွေအပေါ် ဝေဖန်ထိုးနှက်မှုတွေ ထပ်မံတိုးမြှင့်လုပ်ဆောင်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့် တွေ့ဆုံခြင်း


“မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာ သူတို့ဆင်ခြင်သင့်ပါတယ်”
ဩဂုတ်လ ၂၇ ရက်က ပြည်တွင်း၌ လူအများဆုံးအသုံးပြုနေသည့် လူမှုကွန်ရက် Facebook က အမုန်းတရားနှင့် သတင်းမှားများပျံ့နှံ့မှုကို ဟန့်တားရန်ဟူသည့် အကြောင်းပြချက်ဖြင့် တက်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက်စာမျက်နှာအပါအဝင် တပ်မတော်မှ သတင်းထုတ်ပြန်လေ့ရှိသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ မြဝတီ၊ ငွေတာရီ စသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများနှင့် အကောင့်များကို ပိတ်သိမ်းကြောင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်အတွင်း ယင်းသို့ပိတ်သိမ်းသည့်လုပ်ရပ်နှင့်ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေသည့် လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့၏ လုပ်ဆောင်မှုများနှင့် ဆက်စပ်မှုများရှိနေနိုင်သည်ဟုလည်း ဝေဖန်မှုများထွက်ပေါ်လာသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့်တွေ့ဆုံပြီး ယင်းသို့ပိတ်သိမ်းလိုက်ခြင်းအကြောင်း အရင်းများနှင့် ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေများကိုမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Tuesday, August 28, 2018

ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့ရာ ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နေရာများ၌ တပ်မတော်သား များ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေ


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၏ ပင်ပရေပိုလွဲတံခါးသည် ယနေ့နံနက်ပိုင်းတွင် ပဲ့ကျမှုဖြစ်ပွားခဲ့ရာ ရန်ကုန် - 
မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ ကြား ၊ ရေတာရှည်မြို့နှင့် သာဂရကျေးရွာကြားရှိ ရန်ကုန် မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ မှ ၂၀၄ မိုင်ကြားတို့၌ လမ်းပေါ် ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းပြီး ယာဉ်တစ်စီး ရေထဲမျောပါ


ယနေ့ သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုဖြစ်ပွား၍ ဆွာမြို့ တောင်ဘက်အထွက် ဆွာတိုးဂိတ်အနီးတွင် ယာဉ်တစ်စီး ရေထဲမျောပါမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်


ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းလျက်ရှိပြီး ၀ါခေါင်လပြည့်တက်ရေ အရှိန်ဖြင့် ဘားအံမြို့နယ်အတွင်း ရေကြီးလွှမ်းမိုးမှု တတိယအကြိမ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး စခန်းများ တိုးမြှင့်ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၈၅၂၃ ဦး ရေဘေးခိုလှုံနေရကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

ဟင်္သာတမြို့နယ် ဥသျှစ်ကုန်းကျေးရွာ၌ ကမ်းပြိုမှုကြောင့် သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များ ဖျက်ရွှေ့နေရ


ကမ်းပြိုမှုကြောင့် သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များဖျက်ရွှေ့နေရသည့် ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စုရှိ ဥသျှစ်ကုန်းကျေးရွာ၌ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဆွာတမံ ကျိုး​ပေါက်​ မှုကြောင့် ​ဒေသခံရာ​ပေါင်းများစွာ ဘေးလွတ်ရာ ရွေ့​ပြောင်း၊


ပဲခူးတိုင်း​ဒေသကြီး ​ရေတာရှည်​မြို့နယ်​ ဆွာမြို့၏အ​နောက်​ဘက်​ ဆွာတမံ ​တွင် ယနေ့ နံနက် ၄ နာရီခန့်က ရေထိန်းတံခါးနုတ်သီးကျိုး​ပေါက်​ရာမှ ကွန်​ကရစ်တံမံပါ ကျိုးပျက်ခဲ့သည်​ဟု အဆိုပါဆည်​မှ တာဝန်​ရှိသူတစ်​ဦးက​ ပြောကြားသည်​။

ဆွာ ချောင်းတံတား ရေလည်တိုင် နိမ့်ကျမှုကြောင့် အမြန်လမ်း ပိတ်


ရေတာရှည်မြို့နယ် ဆွာမြို့၏အနောက်ဘက်ရှိ ဆွာတမံမှာ ကျိုးပေါက်ရာမှ ရေအလုံအရင်းဆင်းလာသဖြင့် ဆွာချောင်း တံတား ရေလည်တိုင် နိမ့်ကျမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် လမ်းဟောင်းနှစ်လမ်းစလုံးကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ အသွားအလာ ကန့်သတ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။

JICA က ကျပ်သန်း ၈ ထောင် ထုတ်ချေးဦးမည်


ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒုတိယအကြိမ် ချေးငွေစီမံကိန်းကို ဘဏ် ၇ ခုသို့ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ရန်ကုန်တိုင်း ဒု တိုင်းမန်နေဂျာ ဒေါ်နီလာဝေက ပြောသည်။

လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး တင်ပြချက်


သြဂုတ်လ ၂၈ ရက်နေ့က အလှည့်ကျ ဥက္ကဌ ဗြိတိန်နိုင်ငံက ဦးစီးကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် အကျပ်အတည်းမှာ အများမျှော်လင့်ထားသလို လုံခြုံရေးကောင်စီဘက်က ပိုပြီးဖိအားပေးလာနိုင်စရာ မရှိဘူးလို့မြင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

အောင်ရဲထွေးအမှု ဘာကြောင့် ရုတ်သိမ်းခဲ့တာလဲ


တရားရုံးက အမှုကို ရုတ်သိမ်းခဲ့သည်ကို လူထုက ဒေါသထွက် ကန့်ကွက်ခဲ့ကြသည်။ သမ္မတဦးဝင်းမြင့်ပင် ထိုအမှုအပေါ် ဝင်ရောက် ထောက်ပြ ပြောဆိုစေခဲ့သည်။

အခွန် နှင့် ဘဏ် တိုးနှုန်း လျှော့ချရန် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ


နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် အခွန်နှင့်ဘဏ်တိုးနှုန်းများ လျှော့ချပေးရန် စီးပွားရေးလုပ်ငန်းရှင်ကြီးများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြ တောင်းဆိုခဲ့ကြသည်။

ပုံစံခွက်ပညာရေးကို ထောက်ပြရင်း ပွဲစည်ခဲ့တဲ့ ရသစာပေစကားဝိုင်း


ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ဒီနေ့ကျင်းပခဲ့တဲ့ ရသစာပေးစကားဝိုင်းကတော့ သင်ကြားရေးစနစ်ရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေ၊ စာကြည့်တိုက်တွေရဲ့ လိုအပ်မှုတွေကို ကျောင်းသား/သူတွေက ထောက်ပြဆွေးနွေးရင်း ပွဲစည်စည်နဲ့ အသုံးသတ်နိုင်ခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ယူထားသည့် မြေများ စိစစ်မည့်ကိစ္စ ဆိုင်းငံ့ထား


နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာ အနီးတွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ရယူထားသည့် မြေဧက ၉၀၀ ကျော်ကို မြေလွတ်၊ မြေရိုင်းများ စိစစ်ရေး အထူးအဖွဲ့တခုက ဦးဆောင်စိစစ်မည့်ကိစ္စအား ယာယီဆိုင်းငံ့ထားရကြောင်း သတင်းရရှိသည်။

ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြပွဲဦးဆောင်သူကို ငြိမ်းစုစီဥပဒေဖြင့် အရေးယူ


ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ တက္ကသိုလ်ကျောင်းသားကို ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့နယ်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးစောင့်ရှောက်မှုအားနည်း၍ ပြည်ပသို့ သွားရောက်ဆေးကုသသူများ

ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် မြန်မာနိုင်ငံသားအချို့ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆေးကုသမှု များပြားလာကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

နိုင်ငံအတွက် အမျိုးသားကျောင်းဆရာများ ပိုမိုလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်တွင်းတွင် အမျိုးသားကျောင်းဆရာများ ရှားပါးနေပြီး နိုင်ငံအတွက် အမျိုးသားကျောင်းဆရာများ ပိုမိုလိုအပ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မုတ်သုံလေ စက်တင်ဘာ ဒုတိယပတ် စတင်ဆုတ်ခွာမည်

အနောက်တောင်မုတ်သုံလေသည် မိုးနှောင်းကာလ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အချက်အလက်ရှာဖွေရေးအဖွဲ့အကြံပေးချက်တွေကိုအလေးအနက်ထားဖို့ Guterres တိုက်တွန်း


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး တံခါးဖွင့်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်Antonio Guterres က ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက်နိုင်ဖို့ သိပ်ကိုအရေးကြီးကြောင်းနဲ့ ဒုက္ခသည်တွေ ကူညီရေး အတွက် ရန်ပုံငွေတွေလိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်လက်ရှာဖွေရေး အဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အကြံပြုချက်တွေကို နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကရော ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ လေးလေးနက်နက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်ကပြောပြပေးမှာပါ။

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေး


ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းမှာ နိုင်ငံတကာရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်ခဲ့ကြသူတွေကို အဓိက အရေးယူဖို့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန် တို့က အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ ဖိအားပေးပြောဆိုသွားကြပါတယ်။

ဒေါ်လာငွေကြေးအပေါ် မှီခိုနေရမှု လျှော့ချရန် အကြံပြု


နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေဖို့ အမေရိကန် ဒေါ်လာငွေကြေးအပေါ် မှီခိုနေတာ လျှော့ချရေး အပါအဝင် အချက် ၄ ချက်ကို ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုင်ငံတော်ကို တင်ပြခဲ့တယ်လို့ အသင်းချုပ်က ထုတ်ပြန်ပါတယ်။

ကာချုပ်ဖေ့စ်ဘွတ်ခ် ပိတ်ခံရမှု လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ အရေးကြီး အဆိုတင်မည်


ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်နဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၀ ကျော်ကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပိတ်သိမ်းလိုက်တဲ့အပေါ် လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းဖို့ ကြံ့ခိုင်ရေးပါတီက စီစဉ်နေပါတယ်။

တပ်သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာများဖြုတ်ချခံရခြင်း အချုပ်အခြာအာဏာအားစော်ကားခြင်းဖြစ် ဟုလွှတ်တော်ကိုယ်စားလှယ် များပြောဆို


တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးဦးမင်းအောင်လှိုင် အပါအ၀င် တပ်၏သတင်းပြန်ကြားရေးဖေ့စ် ဘွတ်စာမျက်နှာများဖြုတ် ချခံရခြင်းသည် တိုင်းပြည်၏အချုပ်အခြာအာဏာ အားစော် ကားခြင်းဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုလိုက်သည်။

ဗဟိုဘဏ်က တစ်လကျော်အတွင်း ကန်ဒေါ်လာ ကိုးသန်းကျော် ထုတ်ရောင်း

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ငွေလဲနှုန်းတည်ငြိမ်ရေး ဗဟိုဘဏ်မှ တစ်လကျော်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၃ သန်း ထုတ်ရောင်းပေးထား ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩစတြေးလျ ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ရပြီးနောက် လွှတ်တော်ကိုပါ စွန့်ခွာရန် တန်းဘူးလ် ဆုံးဖြတ်

ရာထူးမှ နုတ်ထွက်ခဲ့ရသည့်နောက် လွှတ်တော် အမတ် နေရာကိုပါ စွန့်ခွာသွားမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွမ် တန်းဘူးလ်က ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ လမ်းညွှန်ချက်အရ မြန်မာ့ ရုပ်ရှင်လောကဖွံဖြိုးတိုးတက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာမည်


မြန်မာ့ရုပ်ရှင်လောကဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများနဲ့ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂၈ ရက်နေ့ မှ စတင်ကာ တစ်ပတ်ကြာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။ 

မြန်မာပြည်မှ တင်သွင်းသည့် ခြင်ဆေးခွေများကို ထိုင်းအစိုးရ စစ်ဆေးသိမ်းဆည်း


မြန်မာနိုင်ငံဘက်က တင်သွင်းလာတဲ့ ခြင်ဆေးခွေတွေ၊ အထူးသဖြင့် ဂေါ်ဇီလာ အမှတ်တံဆိပ် ခြင်ဆေးခွေဟာ ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာန ခွင့်ပြုချက်ရ အမှတ်တံဆိပ် မပါရှိတဲ့အပြင် လူနဲ့ တိရိစ္ဆာန်တွေကိုပါ အန္တရာယ်ရှိစေလို့  ထိုင်းအစိုးရက လိုက်လံစစ်ဆေး သိမ်းဆည်းနေပါတယ်။