Thursday, August 9, 2018

မောင်တောဒေသကို အကြမ်းဖက်မည့် သတင်းကြောင့် လုံခြုံရေးတိုးမြှင့်ထားဟု ခရိုင်အုပ်ချုပ်ရေးမှူးပြော လုံခြုံရေးအသင့်ရှိ၍ ပြည်သူများစိုးရိမ်စရာမရှိဟုဆို

အကြမ်းဖက်သမား များဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရထား၍ ဒေသတွင်းလုံ ခြုံရေးအဖွဲ့အစည်းများအနေဖြင့် အသင့်ပြင်ဆင်ထားပြီးဖြစ်၍ပြည် သူများမစိုးရိမ်ကြရန်မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ယမန်နေ့ (သြဂုတ် ၉ ရက်)တွင် သတင်းထောက်များအား ပြောသည်။
လက်ရှိမောင်တောဒေသအ ခြေအနေသည် တည်ငြိမ်အေး ချမ်းနေသော်လည်း ARSA အ ကြမ်းဖက်အဖွဲ့များက လုံခြုံမှုမရှိ သေးသည့် အဓိပ္ပာယ်သက် ရောက်စေရန် ယခုလအတွင်းနှင့် ပွင့်လင်းရာသီတွင် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်မည်ဟု လူမှုကွန်ရက်၌ လှုံ့ဆော်မှုများ ရှိပြီး မြေပြင်သတင်းလည်းရရှိ ထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကပြောသည်။ ‘‘အဲဒါနဲ့ပတ်သက်ပြီး လုံခြုံ ရေးပိုင်းဆိုင်ရာအနေနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေက အသင့်အ နေအထားရှိပါတယ်။ နယ်မြေအ ခြေအနေကတော့ တည်ငြိမ် တယ်။ ပုံမှန်အခြေအနေအတိုင်း သွားလာလှုပ်ရှားမှုတွေရှိတယ်’’ ဟု ၎င်းကဆိုသည်။ ဆက်လက်၍ ဦးရဲထွဋ်က ‘‘ဒါပေမဲ့ ကိုယ်စောစောကပြောသ လိုပဲ မြေပြင်မှာရှိတဲ့ လုံခြုံရေးအ ဖွဲ့အစည်းတွေ အကုန်လုံးက ဒီ သတင်းတွေအကုန်လုံးကို တစ် နာရီအတွင်းမှာ အကုန်ရထား တယ်။ အောက်ခြေမှာရှိတဲ့ ရပ် ကျေးတွေ အားလုံးဆီကို တစ်နာ ရီတစ်ကြိမ်သတင်းပို့ထားတယ်။ မြေပြင်မှာပဲဘာပဲရှိနေ၊ ရှိနေအ ကုန်သိတယ်’’ ဟု ပြောသည်။ သို့ရာတွင်မောင်တောခရိုင် အတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို လုံခြုံ ရေးအခြေအနေ ထိန်းချုပ်နိုင်ပြီ ဖြစ်၍ ညနေ ၆ နာရီမှ နံနက် ၆ နာရီအစား၊ ည ၁၀ နာရီမှ နံနက် ၅ နာရီသို့ပြီးခဲ့သည့်ဇွန်လက စ တင်သတ်မှတ်ခဲ့သည်။ ‘‘ဘယ်လိုနှောင့်ယှက်မှုမျိုး ကိုမဆို ကိုယ်တို့ကတော့ အသင့် ရှိတယ်။ အဲဒီအတွက် ဒေသတွင်း မှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ စိုးရိမ်စရာအကြောင်းမရှိဘူး။ လုံ ခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ အကုန်လုံးပြင်ဆင်ထားပြီးသား ဖြစ်တယ်။ အဲဒါလေးပြောချင်ပါ တယ်’’ ဟု မောင်တောခရိုင်အုပ် ချုပ်ရေးမှူးကပြောသည်။ မောင်တောမြို့ပေါ်တွင် နောက်တစ်ကြိမ် အကြမ်းဖက် မှုဖြစ်ပေါ်မည်ကို စိုးရိမ်နေ ကြောင်းနှင့် အကြမ်းဖက်မည့် ကောလာဟလများလည်း ထွက် ပေါ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည် ။ ‘‘ဘယ်အချိန်ဖြစ်မလဲတော့ မသိဘူး။ ထပ်ဖြစ်မယ်လို့တော့ ပြောနေကြတာပဲ။ ဒီလထဲတစ်ခု ခုတော့ ထူးခြားနေတယ်’’ ဟု ၎င်း ကပြောသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်သမားများက သိမ်းပိုက်ထားသည်ဟု ကောလာဟလများ သြဂုတ် ၈ ရက်ကပျံ့နှံ့ခဲ့ပြီး ယင်းကောလာဟလများသည် သတင်းအမှားဟုဦးရဲထွဋ်က သတင်းထောက်များအားပြောသည်။မောင်တောဒေသ၌ ၂၀၁၆ အောက်တိုဘာနှင့် ၂၀၁၇ သြ ဂုတ်တို့တွင်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိ၌ ပြန် လည်တည်ဆောက်ရေးနှင့် နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရေးလုပ်ငန်းစဉ်များ ဆောင် ရွက်နေသည်။ 7Day

0 comments:

Post a Comment