Thursday, August 16, 2018

စစ်ကိုင်းတိုင်း ဘဏ္ဍာရေးဝန်ကြီးလိုက်ပါလာသည့်ကား အတိုက်ခံရမှုဖြစ်


စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက် တောင်ငူကုန်းမကျီးစဉ်အရှေ့ရပ် မုံရွာ - စစ်ကိုင်းကားလမ်းမပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့် ကား အတိုက်ခံရမှု သြဂုတ်လ ၁၆ ရက်နေ့ နံနက် (၈) နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျောက်တင်ကား (SKAT) က HIJET ယာဉ်အား ဝင်တိုက်ပြီး HIJET ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ကားအား တစ်ဆင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဝန်ကြီးက ဒုသမ္မတလာကြိုတာလို့သိရတယ် ။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး "ဟု တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ကားမှာ ပျက်စီးသွားခဲ့ပြီး ဝန်ကြီးမှာ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်းမောင်းနှင်သော ကျောက်သယ်ကား ယာဉ် မောင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Fifth Wave News

0 comments:

Post a Comment