Monday, August 13, 2018

ထိုင်းတွင် ကျင်းပမည့် သိပ္ပံနှင့် နည်းပညာပွဲတော်တွင် မြန်မာကျောင်းသား ပါဝင်ပြသမည်

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် Mechatronic Engineering ဌာနက ကျောင်းသား ၅ ဦးဟာ ထိုင်းနိုင်ငံမှာ သြဂုတ် ၁၆ ရက်ကစတင်ပြီး ၁၀ ရက်ကြာ ကျင်းပမယ့် Science and Technology Fair 2018 မှာ ပြခန်းတခု ပါဝင်ပြသမယ်လို့ ဌာနမှ လက်ထောက်ကထိက ဒေါ်ဇော်ဇော်ဇင်ဖြူက ပြောပါတယ်။
Mechatronic Engineering ဌာနမှ ပဉ္စမနှစ်ကျောင်းသား ၅ ဦးဟာ အဲ့ဒီပြပွဲမှာ အလျား ၃ ပေ၊ အနံ ၂ ပေ၊ အမြင့် ၁ ပေခွဲရှိတဲ့ Smart Class Room ပုံစံငယ်ကို ပြသသွားမယ်လို့ အဖွဲ့ခေါင်းဆောင် ကိုရှိုင်းဖြိုးကျော်က ပြောပါတယ်။ Smart Class Room ဆိုတာက စာသင်ခန်းအတွင်းကို ဝင်ရောက်မယ့် ကျောင်းသားတယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် Smart Card ဒါမှမဟုတ် ကျောင်းသားကတ်ကို အခန်းရဲ့ အဝင်တံခါးမှာ ပြလိုက်တာနဲ့ Roll Call ကို ကောက်ယူပြီးသားဖြစ်သလို စာသင်ခန်းထဲမှာ လူတယောက်မှ မရှိသေးရင် အခန်းထဲမှာရှိတဲ့ မီးတွေ၊ ပန်ကာတွေက ပိတ်နေမှာဖြစ်ပြီး Smart Card နဲ့ လူတယောက် စဝင်ပြီဆိုတာနဲ့ အခန်းထဲမှာရှိတဲ့ မီးတွေ၊ ပန်ကာတွေက auto ပွင့်လာမယ်လို့ ကိုရှိုင်းဖြိုးကျော်က ရှင်းပြပါတယ်။ ကိုရှိုင်းဖြိုးကျော် အပါအဝင် ကျောင်းသား ၅ ဦးဟာ နေပြည်တော်မှာ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ Scienece And Technology Fair 2018 မှာလည်း ပြပွဲဝင်ရောက်ပြသခဲ့ပြီး ပထမဆု ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား ၅ ဦးဟာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပြပွဲမှာ ပြင်သစ်၊ အင်္ဂလန်၊ ကိုရီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံက ကျောင်းသားတွေနဲ့အတူ ပါဝင်ပြသရမှာ ဖြစ်ပါတယ်။ DVB

0 comments:

Post a Comment