Monday, August 13, 2018

ငြိမ်းစုစီဥပဒေကို ဆွေးနွေးရန် တပ်မတော်သားကိုယ်စားလှယ် ၆၀ ဦးစာရင်းပေးထား

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေး လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေများလွန်းနေတဲ့အတွက် လွှတ်တော်ရဲ့ အချိန်ပေးနိုင်မှု အပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ ဥပဒေကြမ်းကော်မတီက ပြောပါတယ်။
ငြိမ်းစုစီ ဥပဒေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ မတ်လ ၇ ရက်နေ့က ဆွေးနွေးအတည်ပြုပြီး ပြည်သူ့ လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ မတ်လ ၉ ရက်က တင်သွင်းပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် စာရင်းတောင်းခံထားတာ ဖြစ်ပါတယ်။ ဆွေးနွေးဖို့ ပေးထားတဲ့ စာရင်းအရ တပ်မတော်သားကိုယ်စားလှယ် ၆၀ ဦး အပါအ၀င် စုစုပေါင်း ၈၀ ဦးတယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။ “ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေက အရမ်းများနေပါတယ်။ များနေတော့ လွှတ်တော်ရဲ့ အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီးတော့ ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ အားလုံးပေါင်း စာရင်းပေးထားတာ ၈၀ ဦး ရှိတယ်။ တပ်မတော်သားကိုယ်စားလှယ် ၆၀ ဦး ပါပါတယ်။ အခုအကြိမ် အစည်းအဝေးမှာ လုပ်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါကလည်း လွှတ်တော်ရဲ့ အချိန်ပေးနိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်”
ဒီငြိမ်းစုစီဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီး တူတဲ့အချက်တွေ စုပြီးဆွေးနွေးဖို့နဲ့ ကော်မတီက ပြင်ဆင်ပေးတာတွေလုပ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်အားလုံးက လက်မခံဘဲ ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအရ လွှတ်တော် အစည်းအဝေးထဲမှာပဲ ဆွေးနွေးသွားကြမယ်လို့ ဆိုတာကြောင့် ပြန်လည်တင်ပြထားရတယ်လို့ သိရတယ်။ DVB

0 comments:

Post a Comment