Wednesday, August 15, 2018

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ မှာ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရန်ကုန်လေဆိပ်ထဲက ခရီးသည်ဆီကနေ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံလေကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။
အဲ့ဒီ ခရီးသည်က မလေးရှား နိုင်ငံကို ထွက်ခွာမယ့် ခရီးသည် ဖြစ်ပြီး၊ ကတ္တီပါ ဖိနပ် ထဲ မူးယစ်ဆေးတွေ ထည့်သယ်လာတာဖြစ်တယ်လို့ အဲဒီက တာဝန်ရှိသူက ပြောပြပါတယ်။ စစ်ဆေးမှုတွေအရ မလေးရှားနိုင်ငံဆီသို့ခိုးထုတ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေဖြစ်တယ်လို့ သိရပြီး၊စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀ ပြားဖမ်းမိတယ်လို့ ရဲက ဆိုပါတယ်။ "သူတို့က လေဆိပ်ကနေ မလေးရှားသွားမယ့် ခရီးသည်တွေ၊ မသင်္ကာလို့စစ်ဆေးတာ။ X ray ကတစ်ဆင့်မိတာ"လို့ အဆိုပါရဲတပ်ဖွဲ့ကပြောပါတယ်။ ကွင်းဆက် တရားခံတွေကိုပါ ဖမ်းထားပြီး ဆက်လက်စုံစမ်း စစ်ဆေးတာတွေကို ရဲက လုပ်နေပါတယ်။ အထက်ပါဖြစ်စဉ်ဟာ သြဂုတ်လ ၁၄ရက်နေ့ ၁၀နာရီခွဲအချိန်မှာ ဖြစ်ခဲ့တာပါ။ ရန်ကုန်လေဆိပ်ကနေ မလေးရှားလေဆိပ်သို့သွားမယ့် ခရီးသည် အောင်မျိုးမင်းဆိုသူရဲ့ ပါဆယ်ထုတ်ကို X rayစက်နဲ့ စစ်ဆေးစဉ်မသင်္ကာဖွယ်တွေ့ရှိလို့ ယခုလိုဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အောင်မျိုးမင်းရဲ့ ပါဆယ်ထုပ်ကိုစစ်ဆေးရာမှာ မိန်းမစီးကတ္တီပါဖိနပ် ၄၀ ရံနဲ့ပါတိတ် ၂၀ ထည်အား တွေ့ရှိရပြီး ဖိနပ် ၁၁ ရံအတွင်းကအံဝှက်ပြုလုပ်ထားတဲ့ ဖိနပ်ခွာတွေအတွင်းမှာ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြားသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဓိက တရားခံအောင်မျိုးမင်းနဲ့ ကွင်းဆက်တရားခံများဖြစ်တဲ့ မမြမြဝင်း၊ခင်မာလာ(ခ)မော်လီတို့ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ မြန်မာနိုင်ငံလေကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ သီဟ Popular News Journal

0 comments:

Post a Comment