Monday, August 13, 2018

တောင်၊ မြောက် ကိုရီးယားခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ စက်တင်ဘာတွင် ကျင်းပမည်


တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် စက်တင်ဘာအတွင်း ပြုံယမ်းမြို့မှာ ကျင်းပဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာမှာ ပြုလုပ်တဲ့ နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေးအတွင်း အခုလို ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ သဘောတူညီခဲ့တာပါ။
ကိုရီးယားနှစ်နိုင်ငံအကြား တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်းကို နှစ်ဖက်စလုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။

DVB

0 comments:

Post a Comment