Monday, August 13, 2018

"ပင်လယ်ဒီရေတက်လာ၍ ကမ်းရိုးတန်းမြို့နယ်ခုနစ်ခု ရေဘေးကြုံ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ဒေသအနှံ့ မိုးကောင်းနိုင်ကြောင်း သတိပေး"

ပင်လယ်ဒီရေတက်လာ၍ ကမ်းရိုးတန်းမြို့နယ်ခုနစ်ခု ရေ ဘေးကြုံတွေ့နေရပြီး မြန်မာနိုင်ငံ ဒေသအနှံ့တွင် ပုံမှန်ထက် မိုး ကောင်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား၍ တစ်ကျော့ ပြန် ရေဘေးသတိပြုရန် လိုအပ် နေသည်။
ဩဂုတ် ၁၃ ရက်မှ ၁၉ ရက် အတွင်း မိုးရွာနိုင်သည့် အခြေအ နေကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ရာ လတ်တလော ရေဘေးကြုံတွေ့ နေသည့် မွန်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း ဒေသများတွင် နေရာကွက်မိုးကြီး နိုင်ကြောင်း သတိပေးထားသည်။ ယင်းဒေသသုံးခုတွင် မိုးအများဆုံး ရွာနိုင်ကာ ကချင်ပြည်နယ်၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီ၊ မကွေး၊ မန္တလေးနှင့် စစ် ကိုင်းတိုင်းဒေသကြီးတို့ကို မိုး ကောင်းမည့်ဒေသများအဖြစ် အ စဉ်လိုက် သတိပေးထားသည်။ ‘‘တွက်ချက်မှုတွေအရ ဒီခန့် မှန်းချက်တွေရဲ့ သေချာမှုက ၉၀ ရာခိုင်နှုန်းအထက် ကျော်လွန်နေ တယ်။ ဒါကြောင့် ရေဘေးကို ဒေသအလိုက် သတိထားဖို့လို မယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ နေရာကွက် မိုးကြီးနေချိန် တွင် ဒီရေပါမြင့်တက်လာ၍ ပဲခူး မြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် နှင့် ဘီးလင်းမြစ်ရေတို့ ပြန်လည် မြင့်တက်လာသည်။ ထို့ကြောင့်ရန်ကုန်မြို့တွင်း မြို့နယ်အချို့ အပါအဝင် မြစ်ကမ်းဘေးမြို့နယ်များတွင် ရေဘေးကြုံတွေ့နေ သည်။ ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်အတွင်း ရေဘေးကြောင့် အောက်ပါမြို့နယ်များရှိ ဒေသ ခံများ အခက်အခဲကြုံတွေ့နေ သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်- ရန် ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် (၉၃)ရပ်ကွက်တွင် ဒီရေ ဝင်ရောက်၍ အိမ်ခြေ ၆၀ ကျော် ရေဝင်ခဲ့ရာ လူ ၃၀၀ ကျော်ကို ယာယီရွှေ့ပြောင်းထားရသည်။ လှိုင်သာယာမြို့နယ်- ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်တွင် ဩ ဂုတ် ၁၂ ရက် ညကစကာ ရေဝင် ရောက်၍ လူ ၃၀၀ ကျော်ကို ရွှေ့ပြောင်းထားပြီး မြို့နယ်နှစ်ခုပေါင်းလူ ၇၀၀ ခန့်ကို ထောက်ပံ့မှုများ ပေးနေသည်ဟု တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေး မှူး ဦးဝင်းရွှေကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး မြစ်ကမ်း ဘေးမြို့နယ်များဖြစ်သော သာကေတ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ပုဇွန်တောင်မြို့နယ်တို့တွင် ပင်လယ် ဒီရေ ဝင်ရောက်သော်လည်း လူရွှေ့ပြောင်းရန်အခြေအနေ မရှိသေးကြောင်း ဦးဝင်းရွှေကပြောသည်။ ကဝမြို့နယ်- ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းဘေးကျေးရွာအချို့မှ အိမ်ခြေ ၅၀၀ ကျော် ရေဝင်ကာ လူ ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက ပြင်ဆင်နေသည်။ ဖျာပုံမြို့နယ်- ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ခါး ပြတ်ကျေးရွာနှင့် မင်္ဂလာတောင် တန်းကျေးရွာတွင် ပင်လယ်ဒီရေ ဝင်၍ နေအိမ် ၁၁ လုံး ပြိုကျခဲ့ သည်။ လူ ၅၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသည်ဟု တိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြော သည်။ ခရမ်းမြို့နယ်- ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ် ဘိုက လေးကျေးရွာတွင် ပင်လယ်ဒီရေဝင်ရောက်၍ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသည်။ ကျောက်ဖြူမြို့နယ်- ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ် ကာလာဘာတောင် ကျေးရွာရှိ ငလပွေ့တာတမံသည် ဒီရေတိုက်စား၍ ပေ ၄၀ ခန့် ကျိုးပေါက်ခဲ့သည်။ ဒေသခံ အိမ်ခြေ ၇၀ ကျော် ရေဝင်နစ်မြုပ်ရာ လူ ၄၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ သည်။ ပေါင်မြို့နယ်- မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပင်လယ်ဒီရေ ဝင်ရောက်စဉ် လှိုင်းပုတ်၍ နေ အိမ် ၃၇ လုံး ပြိုကျပျက်စီးခဲ့သည်။ အိမ် ၁၈ လုံးကို ကြိုတင်ဖြိုဖျက် ထားပြီး လူ ၂၀၀ ကျော်အား ကယ် ဆယ်ရေးပစ္စည်း ထောက်ပံ့ထား သည်ဟု ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး မှူး ညွှန်ကြားရေးမှူး ဦးသောင်း ရွှေကပြောသည်။ မုန်တိုင်းငယ်ဖြစ်လာနိုင် ဘင်္ဂလားပင်လယ်အော် တွင် ဩဂုတ် ၁၃ ရက် နေ့လယ် ကစကာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ အားကောင်းလာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။ ကရင်၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။ ဩဂုတ် ၁၃ ရက်ကမြို့ ၂၀ တွင် ပုံမှန်မိုးရေချိန်ထက်ပိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ထူးကဲဒီရေတက်လာနိုင် ၍ ဩဂုတ် ၁၃ ရက်မှ ၁၆ ရက်အတွင်း သတိပြုနေထိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်း ထုတ်ပြန်ထားသည်။ သတင်း-အောင်သစ်လွင် ဓာတ်ပုံ-စိုင်းဇော် ပုံစာ-လှိုင်သာယာမြို့နယ် လှိုင်မြစ်ဘေးရှိ ညောင်ကျေးရွာအတွင်း မြစ်ရေဝင်လာစဉ် 7Day News Journal

0 comments:

Post a Comment