Sunday, August 12, 2018

ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်တို့ကို သီးခြားနိုင်ငံများ မဟုတ်ကြောင်း လေကြောင်းလိုင်း ၄ဝ ပြင်ဆင်


တရုတ်နိုင်ငံ နယ်နိမိတ်ထဲမှာရှိတဲ့ နယ်မြေတွေကို သီးခြားတည်ရှိတဲ့ နိုင်ငံတွေ မဟုတ်ကြောင်း အင်တာနက် စာမျက်နှာတွေမှာ ပြင်ဆင်လိုက်တဲ့ ပြည်ပလေကြောင်းလိုင်း အရေအတွက် ၄ဝ အထိ ရှိနေပြီလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလေကြောင်းလိုင်းတွေဟာ သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ တရုတ်နိုင်ငံ နယ်မြေတွေဖြစ်တဲ့ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်တို့ကို သီးခြားနိုင်ငံတွေအဖြစ် ဖော်ပြနေတာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်မြို့ပြလေကြောင်း အာဏာပိုင်တွေက အခုလိုပြောလိုက်တာပါ။

ပြည်ပလေကြောင်းလိုင်း ၄၄ လိုင်းထဲက အခုလိုပြင်ဆင်ဖို့ အာဏာပိုင်အဖွဲ့ဆီ တင်ပြလာတဲ့ လေကြောင်းလိုင်း ၄ဝ ရှိတယ်လို့ တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့ အထွေထွေရေးရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အချက်အလက်ပြင်ဆင်ဖို့ ကျန်နေသေးတဲ့ လေကြောင်းလိုင်းလေးခုဟာ United Airlines, American Airlines, Delta Air Lines, Hawaiian Airlines တို့ ဖြစ်ပါတယ်။

ဒီလေကြောင်းလိုင်းတွေဘက်က တရုတ်ဥပဒေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ  ပြင်ဆင်လာအောင် စောင့်ကြည့်သွားမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

DVB

0 comments:

Post a Comment