Tuesday, August 14, 2018

"NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ ပေါင်း၍ စီးပွားရေးကုမ္ပဏီ ထောင်မည်"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေးကုမ္ပဏီ ထူထောင်မည်ဟု ယင်းအဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။
NCA လက်မှတ်ထိုးအဖွဲ့ခြောက်ဖွဲ့၏ ရပ်တည်ရေးအတွက် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် တစ်ဖွဲ့လျှင် တစ်ဦးစီပါဝင်သည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု KNLA ငြိမ်းချမ်းရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်သည် ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့် ထွန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ NCA လက်မှတ်ထိုး ၁၀ ဖွဲ့တွင် ပအိုဝ်းအဖွဲ့ (PNLO)၊ ချင်းအဖွဲ့(CNF)၊ ရခိုင်အဖွဲ့(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင် အဖွဲ့များဖြစ်သော DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ(PC)တို့ပူးပေါင်း၍ စီးပွားရေးလုပ်ကိုင်မည်ဟု ခွန်မြင့်ထွန်းက ရှင်းပြသည်။ ‘‘ကိုယ့်ရပ်တည်ရေးအတွက် ကိုယ့်ဘာသာကိုယ် စီးပွားရေး လုပ်ကြမယ်ဆိုတဲ့ အခြေခံသ ဘောထားပါ။ ရှစ်ဖွဲ့မှာ RCSS နဲ့ KNU က သူတို့ဘာသာ သူတို့ ကုမ္ပဏီထူထောင်ပြီးတော့ စီးပွား ရေးလုပ်ငန်းတွေ လုပ်ကိုင်တာပါ။ ကျန်တဲ့ ခြောက်ဖွဲ့ကတော့ ခြောက်ဖွဲ့ပေါင်းပြီးတော့ ကျွန် တော်တို့ရပ်တည်ရေးအတွက် စီး ပွားရေးလုပ်ငန်းတွေ လုပ်မယ်ဆို တာဖြစ်ပါတယ်’’ဟု ခွန်မြင့်ထွန်း က ပြောသည်။ ကရင်အမျိုးသားအစည်းအ ရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) တို့ကမူ ၎င်းတို့တစ်ဖွဲ့ချင်းစီက သီးခြားထူထောင်ထားသည့် စီး ပွားရေးလုပ်ငန်းများရှိသည်။ NCA လက်မှတ်ထိုးခြောက် ဖွဲ့၏ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို လာမည့် စက်တင်ဘာအတွင်း လုပ်ဆောင်ရန် ရှိသည်ဟု ၎င်းက ပြောသည်။ အပစ်ရပ်ခြောက်ဖွဲ့ ပေါင်းပြီး ကုမ္ပဏီထောင်လိုက် သော်လည်း တစ်ဖွဲ့ချင်းစီ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်း များကိုလည်း လုပ်ဆောင်နိုင် ကြောင်း ခွန်မြင့်ထွန်းက ဆိုသည်။ အပစ်ရပ်အဖွဲ့များ စီးပွား ရေးကုမ္ပဏီထူထောင်မည့် ကိစ္စ နှင့်ပတ်သက်ပြီး သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား မေးမြန်းရာ အစိုးရ-ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်ရေး Public- Private Partnership-PPP လုပ် ငန်းစဉ်များမှ တစ်ဆင့် ဒေသခံပြည်သူများ အကျိုးရှိမည့်လုပ်ငန်း များ လုပ်ဆောင်နိုင်ရန် အစိုးရက ပံ့ပိုးပေးမည်ဟု ပြောသည်။ ‘‘အဓိကက ဘာလဲဆိုတော့ သူတို့တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင် တွေရှိတယ်။ သူတို့မိသားစုဝင် တွေရဲ့ စားဝတ်နေရေးရှိတယ်။ အဲဒီတော့ အဲဒါတွေကို အထူးအ ခွင့်အရေးအနေနဲ့ ပေးဖို့မရှိဘူး။ ပေးဖို့မရှိတော့ ကျန်တဲ့စီးပွားရေး သမားတွေလို စီးပွားရေးကို စီးပွား ရေးနဲ့တူအောင်လုပ်၊ အဲဒါတွေ လုပ်တတ်အောင်လို့ အစိုးရက ပံ့ပိုးပေး၊ ကူညီပေး။ သူတို့လုပ် တတ်သွားပြီဆိုရင် သူ့ဟာသူ ရပ် တည်နိုင်မယ်၊ ဒါကို ရည်ရွယ်ပြီး PPP လုပ်တာပေါ့’’ဟု ဦးဇော်ဌေး က ပြောသည်။ NCA စာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်း စဉ်များကို အစုအဖွဲ့အသီးသီးက အာရုံစိုက်၍ ကြိုးပမ်းနေချိန်တွင် ပဋိပက္ခဒေသများရှိ တိုင်းရင်းသား ပြည်သူလူထု၏ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားအခြေအနေများ တိုးတက်ဖွံ့ဖြိုးရေးကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် အစိုးရ အနေဖြင့်လည်းကောင်း၊ အစိုးရ- ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး (PPP)လုပ်ငန်းစဉ်များမှ တစ်ဆင့်လည်းကောင်း ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားထားသည်။ သတင်း-အောင်ဇော်ထွန်း 7Day

0 comments:

Post a Comment